Monday, 7 April 2014

သား...ဖျားနေတယ်...အမေ..

ခေါင်းတွေကိုက်ခဲ ရိုင်လဲမတက်ခြေတွေတုန်
ရင်အစုံမှာပူလို့ အာတွေကချောက်
ဂရောက်ဂရက်နဲ့ ဝေးရောက်သား ဖျားနေတယ်..မေမေ....
မတောက်တခေါက် ဆိုင်ကဆေးဝယ်သောက်လို့
 စောင်ခေါက်လေးထဲ ကွေးချင်
 ဆေးသောက်ဖို့ ဝမ်းတလျှောက်
အစာဖြည့် အားတင်းကာချက်ချင်ပေမယ့်
 နေ့ညမအား အလုပ်သမားဘဝဟာ
ထမင်းတနပ်ဟာ အခဲအခဲများစွာပါ...မေမေ
ပင်ပန်းတာအတင်း ကျောမခင်းခင်
 စောစီးစွာဝယ်လာတဲ့ အိပ်ဆေး
 ရေတကျိုက်ပေးလို့ သောက်အိပ်ပေမယ့်
အို...လူကလေး...ဆိုတဲ့ သားချော့တေးလောက်
 မထိရောက်ဘူး...မေမေ...
ရင်ခွင်တိုးဝှေ့ မေမေ့ကိုယ်ငွေနဲ့
မနက်လင်းပေါက် နေရာက်တောက်လို့
သား တယောက် အဖျားပြောက်ခဲ့ပေမယ့်
အခုတော့......ဘယ်ဆေးဘယ်လောက်
 ကောင်းတာသောက်သောက်
သား တယောက် အဖျားမပြောက်တော့ပါလား...မေမေရယ်......


 လွမ်းသူ( ဖလတ်ဆောင်းလူမိုက်)/ ++ဇောင်း++
 

No comments:

Post a Comment

Note: only a member of this blog may post a comment.