Sunday, 16 March 2014

မြစ်ကျိုးအင်း


ရင်မောမှုတွေနဲ့ မှုတ်ထုပ်လိုက်တဲ့
လေပူတွေအောက်မှာ
မျှော်လင့်ခြင်း မြက်ပင်တွေက
ချောက်သွေ့ပင်ပန်းစွာ ကခုန်ရင်း
အလွမ်းဒိုက်တွေက အထပ်ထပ်
တမ်းတခြင်း ရေမှော်တွေကပ်လို့
ငြိမ်သက်နေတဲ့ နှလုံးသားမြစ်ကျိုးအင်းကို
ပျော်တော်ဆက် လိုင်းထစေခြင်ပေမယ့်
စီးဝင်တဲ့ ချစ်ခြင်းတွေမရှိတော့သလို
စီးထွက်သွားစရာ ဗလာဖြစ်နေတော့
တချိန်က စီးဝင်ခဲ့တဲ့ ချစ်ခြင်းတွေကိုမှန်းဆလို့
မြစ်အကွေ့မှာ အချစ်မေ့သူတယောက်
မဖြစ်ပါစေနဲ့လား ချစ်သူ.......
ချစ်သူဘဝ ဖြောင့်တန်းစွာ
စီးမျော်စေဖို့ ကမ်းတွေပြို
သောင်တွေထွန်း ရှောင်သွေလို့
ဒီကွေ့ကို ဖြတ်စေဖို့ တာပိတ်ခါထားခဲ့တဲ့
ကွေ့တကွေ့က မြစ်ကျိုးအင်းဘဝ
ဆွေးရ လွမ်းရ တမ်းတရနဲ့
မှန်းစကာ ချစ်သူအသံ နားထောင်ရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့သာ ထားခဲ့ပြီလားချစ်သူရယ်.........




လွမ်းသူ (ဖလတ်ဆောင်းလူမိုက်) / ++ ဇောင်း++(ရင်တွင်းဖြစ်)




Photo: မြစ်ကျိုးအင်း
********

ရင်မောမှုတွေနဲ့ မှုတ်ထုပ်လိုက်တဲ့
လေပူတွေအောက်မှာ
မျှော်လင့်ခြင်း မြက်ပင်တွေက 
ချောက်သွေ့ပင်ပန်းစွာ ကခုန်ရင်း
အလွမ်းဒိုက်တွေက အထပ်ထပ်
တမ်းတခြင်း ရေမှော်တွေကပ်လို့
ငြိမ်သက်နေတဲ့ နှလုံးသားမြစ်ကျိုးအင်းကို
ပျော်တော်ဆက် လိုင်းထစေခြင်ပေမယ့်
စီးဝင်တဲ့ ချစ်ခြင်းတွေမရှိတော့သလို
စီးထွက်သွားစရာ ဗလာဖြစ်နေတော့
တချိန်က စီးဝင်ခဲ့တဲ့ ချစ်ခြင်းတွေကိုမှန်းဆလို့
မြစ်အကွေ့မှာ အချစ်မေ့သူတယောက်
မဖြစ်ပါစေနဲ့လား  ချစ်သူ.......
ချစ်သူဘဝ ဖြောင့်တန်းစွာ 
စီးမျော်စေဖို့ ကမ်းတွေပြို
သောင်တွေထွန်း ရှောင်သွေလို့
ဒီကွေ့ကို ဖြတ်စေဖို့ တာပိတ်ခါထားခဲ့တဲ့
ကွေ့တကွေ့က မြစ်ကျိုးအင်းဘဝ
ဆွေးရ လွမ်းရ တမ်းတရနဲ့
မှန်းစကာ ချစ်သူအသံ နားထောင်ရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့သာ ထားခဲ့ပြီလားချစ်သူရယ်.........

လွမ်းသူ (ဖလတ်ဆောင်းလူမိုက်) / ++ ဇောင်း++(ရင်တွင်းဖြစ်) 

No comments:

Post a Comment

Note: only a member of this blog may post a comment.