ခရေပန်းလေးတွေ လေမှာဝဲလို့
မြေသို့ပျက်ကြွေ ပွင့်ဖတ်ချွေတဲ့လေရိုင်း
ခရေကြွေတိုင်း သတိရတယ် ချစ်သူရယ်.......
ပင်မြင့်ထက်က ခရေပန်းချစ်သူ
ကိုယ့်အပြောမှာ နှစ်မောလို့ကေကြွကျ
စောလှတယ်လို့ ကိုယ်မမြင်
အို.....အရှင်ဘုရားပေးတယ်လို့သာ မှတ်ယူလို့
ကြွေကျလာတဲ့ ပန်းခရေ နွမ်းမကြေ
မြေမခစေဖို့ အပြေးလှမ်းကာ ပွေ့ကောက်ပေမယ့်
သနားမညှာတာ ကိုယ့်အားလှည့်စားရက်တယ်
အလွမ်းမြေမှာ ပန်းကြဲသွားရက်တယ် ချစ်သူရယ်.......
သို့.......ချစ်သူကြားပါစေ
No comments:
Post a Comment
Note: only a member of this blog may post a comment.