ဒီနေ့တော့ ကျောင်းတွေပိတ်တာနဲ့ ပျင်းပျင်းနဲ့ အဘတို့အိမ်ဘက်ထွက်ခဲ့တာပေါ့။ အဘတို့အိမ်ရောက်တော့အဘကိုမတွေ့ဘူး။ ဒါနဲ့ဘဲ
" ဒေါ်လေးရေ......အဘရော "
" ဟဲ့....နင့်အဘ ဘုရားခန်းမှာ ဆေးဖေါ်ဖို့လုပ်နေတယ် သွားကူလိုက်အုံး "
ဒါနဲ့ဘဲကျွန်တော်လဲ အိမ်ပေါ်ထပ်တက်သွားပြီး အဘနားသွားထိုက်လိုက်တယ်။ အဘက
" သား..မင်းဒီည အဘနဲ့လိုက်မလား..ရွာထိပ်က သင်္ချိုင်းကို"
"ဘာသွားလုပ်မှာလဲ အဘရဲ့"
" ပီယဆေးဖေါ်မလို့ ပစ္စည်းတခုလိုနေတာ သွားယူမလို့ "
" အင်း...ဒါဆိုလဲလိုက်ခဲ့မယ် "
ဒါနဲ့ဘဲ
အဘကို ကူလုပ်စရာရှိတာကူလုပ်ပေးပြီး ညနေကြတော့ အဘအိမ်မှာဘဲထမင်းစားပြီး
အဘသွားမယ့်အချိန်ကို ဆောင့်ရင်း ဒေါ်လေးနဲ့လေကန်နေလိုက်တယ်။ ည (၁၁)
နာရီလောက်ကြတော့ အဘက သူ့တပည့်(၂)ယောက်နဲ့ကျွန်တော့်ကိုခေါ်ပြီး
ရွာသင်္ချိုင်းကို ချီတက်ကြတာပေါ့။ ဟိုလဲရောက်ရော အဘက
ဘာညာသတကာတွေမန်းမှုတ်ပြီး စည်းဝိုင်းတား ကျွန်တော်တို့ကို
အဲ့မှာထိုင်ခိုင်းပြီး
" မင်းတို့..တယောက်မှမထနဲ့နော် ညိမ်ညိမ်နေကြ "
ကျွန်တော်တို့လဲအဘမှာတဲ့အတိုင်းပေါ့ တုတ်တုတ်မျှမလှုပ်ဘဲ ထိုင်နေကြရတယ်။
အဲ့အချိန်မှာဘဲ အဘက နေလည်ကမှ ကားမှောက်လို့သေထားတဲ့ အပျိုကြီး ဒေါ်တင်မြ
အလောင်းကိုဖေါ်ပါတော့တယ်။ အလောင်းလဲပေါ်ရော အဲပအလောင်းကို
ဖုတ်သွင်းတော့တာပေါ့။ မကြာပါဘူး အလောင်းကောင်ကြီးက ထလာပါတော့တယ်။
ညောင်ပင်ပေါ်က ညငှက်တွေကလဲအော် ရွာဘက်က ခွေးတွေကလဲ အူနဲ့ (၃)သား
အသားတွေတုန်နေကြတာ ဘာပြောကောင်းမလဲ ထပြေးချင်စိတ်တွေပေါက်လာတယ်။
ဒါကိုသိတဲပအဘက
" ဟေ့ကောင်တွေ ညိမ်ညိမ်နေကြငါလာပြီ " ဆိုပြီး
ကြိုတချောင်းနဲ့ တုတ်တချောင်းယူလာပြီး ကျွန်တော်တို့ကိုလက်တွေကြိုချီပြီး
ငုတ်မှာချီထားခဲ့ပြီး သူလုပ်စရာရှိတာဆက်လုပ်နေပါတယ်။ ကျွန်တော်တို့လဲ
သူဘာလုပ်မလဲလို့ ကြောက်ကြောက်နဲ့ကြည့်နေရတယ်။ ပြေးလို့ကလဲမရတော့ဘူးလေ။
ဒီလိုနဲ့ အဘက အဲ့လူသေကောင်စီကို ကျောက်ပျဉ်ရယ် သနခါးတုံးရယ် ယူသွားပါတယ်။
ပြီးတော့
" ဟဲ့..တင်မြ ထစမ်း ငါ့စီက ကျောက်ပျဉ်နဲ့သနခါးတုံးလာယူ "
အဲ့လိုလဲပြောလိုက်ရော လူသေကောင်ကြီးကထလာပြီး အဘစီကပစ္စည်းတွေလာယူပါတော့တယ်။ အဘက
" အဲ့မှာ သနခါးသွေးစမ်း"
လူသေကောင်ကြီးက သူစီကကြလာတဲ့သွေးတွေလိုလိုဘာလိုလို အရည်တွေနဲ့ ကျောက်ပျဉ်ပေါ်သုတ်ပြီးသွေးပါတော့တယ်။ သနခါးတွေတော်တော်လေးများလာတော့အဘက
" အဲ့ဒီသနခါးတွေ နင့်မျက်နှာမှာလူးလိုက်စမ်း "
လူသေကောင်ကလဲအဘခိုင်းတဲ့အတိုင်းတသွေမတိမ်းလိုက်လုပ်နေပါတယ်။ အဲ ...အဲ့မှာ ပြဿနာကစတော့တာပါဘဲ။
" တင်မြ နင်လူးထားတဲပသနခါးတွေ ဒီလက်ကိုင်ပဝါထဲ ချစ်ချပေးစမ်း "
အဘကအဲ့လိုလဲပြောလိုက်ရော
အသေကောင်က မပေးဘူးလုပ်ပါလေရော။အဘဘယ်လိုဘဲပြောပြော မရတော့ပါဘူး။
အဘကအတင်းဝင်ပြီးလုချစ်ချတယ်။ မရဘူး။ နောက်တော့အဘက ကျွန်တော်တို့ကို
ကြိုဖြေပေးပြီး
" ကဲ မင်းတို့တွေ ငါကပြေးဆိုတာနဲ့ နောက်ကိုလုံးဝ
လှည့်မကြည့်နဲ့ အိမ်ရောက်အောင်ပြေး လှည့်ကြည့်ရင်တော့ မင်းတို့ အသက်
ငါပြန်လုရတော့မှာ ကြားလား "
ကျွန်တော်တို့လဲ ဖိနပ်တွေခါးကြားထိုး
ပုဆိုကိုဂွင်းသိုင်းပြီးပြေးဖို့ပြင်ကြပါတော့တယ်။ကျွန်တော်တို့ကိုပြောပြီး
အဘက သူ့ပုဆိုကိုချွတ်ပြီး ပုဆိုကွင်းထဲမှာသူလဲဝင် သူရဲမလဲဝင်ခိုင်းပြီး
သူရဲမပါးက သနခါးကို အတင်းဝင်လုပါတော့တယ်။ သူရဲမကလဲရုန်း
အဘကလဲလုနဲ့ပေါ့။နောက်တော့အဘက သူလိုချင်သလောက်လဲရရော
" ဟေ့ကောင်တွေပြေး....ပြေး......."
ဘာပြောကောင်းမလဲ
နောက်ကြတဲ့ခြေထောက်သစ္စာဖေါက်ကွ ဆိုပြီးပြေးလိုက်ကြတာ
ရွာထိပ်ရောက်လာကြတော့တာပေါ့။ နေက်ကလဲ သရဲမက သူသနခါးပြန်ပေးဖို့
ဘယ်လိုအသံကြီးမှန်းမသိနဲ့အော်လိုက်လာတာ ခေါင်းတွေတောင်ကြီးကြီးလာသလိုဘဲ။
ရွာထိပ်ညောင်ပင်လဲရောက်ရောအဘက ညောင်ပင်ကနတ်စင်မှာရပ်ပြီး
ဘာတွေပြောတယ်မသိဘူး။ တွတ်တွတ်တွတ်နဲ့ ပြောပြီး
" ကဲ ရပြီကောင်တွေ သူရဲမကိုကြည့်လိုက်"
လူတွေကပြေးရလို့ဒူးတွေကတုန် မောကလဲမောနဲ့ သရဲမှလှည့်ကြည့်လိုက်တော့
အားလားလား...သူတယောက်ထဲမှမဟုတ်တော့တာဘဲဗျ။
နဲတဲ့အကောင်တွေမဟုတ်ဘူး လိုက်လာကြတာ။ဒါပေမယ့် ရွာထိပ်က ညောင်ပင်ရောက်တော့
အကုန်လန်ပြီးပြောက်ကုန်ကြတယ်။ သူတို့ပြောက်မှာ
ကျွန်တော်တို့လဲအိမ်ပြန်လာကြတယ်။ အိမ်ရောက်တော့အဘက
" ကဲ ..မင်းတို့ပြောပြောနေတဲ့ ပီယဆေး (ဆော်ကြည်ဆေး) ဘယ်လိုယူရလဲတွေ့ပလား "
"
ဒါတောင်ဒီတမျိုးထဲရှိသေးတာ ကျန်တာတွေရှိသေးတယ် တာက်ုငါတို့လောကက
မျက်နှာပွင့်ဆေးလို့ဘဲခေါ်တယ်..ဒါကြောင့်တော်တန် ဘယ်သူမှမပေးဘူး
မကောင်းတဲ့နေရာမှာသုံးလိုက်ကြရင် အမျိုးကောင်းသမီးလေးတွေအတွက်
ရင်လေးစရာဖြစ်ကုန်မှာဆိုးလို့ကွ မှတ်ထားကြ ကြားလား..နောက်တခါငါ့စီ
ပီယဆေးလာတောင်းတဲ့ကောင် သေဖို့သာပြင် "
အဲ့လိုပြောပြီးဘုရားခန်းမှာသူဘာသာဆေးစီရင်နေပါတော့တယ်။
No comments:
Post a Comment
Note: only a member of this blog may post a comment.