Monday, 25 March 2013

အတ္တရဲ့ သားကောင်

ပြည်မြို့ရဲ့ ဒီဇင်ဘာမနက်ခင်းလေးတခု ကျွန်တော်အိပ်ရာက စောစောထ အားကစားဝတ်စုံလေး ဝတ်ပြီးတကိုယ်ရေကျန်းမားရေးအတွက် အပြေးလေ့ကျင့်ဖို့ထွက်လာခဲ့ပါတယ်။ အိမ်ကနေထွက်ပြီး နဝင်းထောင်ကြီးဘေးကလမ်းကနေ ဈေးအရှေ့လမ်းအတိုင်းပြေးရင်း ဗိုလ်ချုပ်အဝိုင်းရောက်တော့ ကမ်းနားလမ်းဘက်ချိုးလို့ ရှုခင်းသာအထိ ပုံမှန်လေးပြေးရင်း ရှုခင်းသာရောက်တော့ ထိုင်ခုံမှာခဏနား နှင်းတွေကြားက ဧရာဝတီမြစ်ကြီးရဲ့အလှကို အမောပြေထိုင်ကြည့်နေမိပါတယ်။
ရှုခင်းသားမှာခဏနား အမောပြေလောက်တော့ ရွှေတောင်ကားဂိတ်အထိ လမ်းလျှောက်လာလိုက်ပါတယ်။ ကားဂိတ်ရောက်တော့ ကြီးမေတို့အိမ်ဝင်ချင်စိတ်ပေါက်လာတာနဲ့ ကြီးမေတို့အိမ်ကို ခြေဦးလှည့်လိုက်ပါတော့တယ်။ ကြီးနေတို့အိမ်ရောက်တော့ ကြီးမေက
“ ဟဲ..ဇောင်း အိမ်ဝင်လာတာလား။ မလာစဖူး အလာထူးလှပါလား” လို့လှမ်းမေးပါတော့တယ်။ ကျွန်တော်ကလဲကျွန်တော်ဘဲလေ ပြည်ကိုရောက်တိုင်း ကြီးမေကြီးအိမ်ကို သွားခဲတယ်လေ။ အန်တီ့ အိမ်မှာဘဲနေတာများတယ်။ အခုလဲထူးထူးစမ်းစမ်းဝင်လာတော့ မေးတော့တာပေါ့။
” ဟုတ်တယ်..ကြီးမေရေး...ဘာလို့မှန်းမသိဘူး လာချင်စိတ်ပေါက်လာတာနဲ့ ဝင်လာတာ.ဟဲ..ဟဲ ”
“ နင့်အမေဆူရင် ငါမသိဘူးနော် ဒါဘဲ တခါထဲပြောထားမယ်။ နင့်အမေက မကြီးကျယ် လွယ်တာမဟုတ်ဘူး ”
“ အင်းပါ ကြီးမေးရာ ကျွန်တော်ဝင်လာချင်စိတ်ပေါက်လို့ ဝင်လာတာပါဆို ”
ဟုတ်တော့လဲ ဟုတ်ပါတယ် ကျွန်တော့်မေမေက သူများတွေအမြင်မှာတော့ ကြီးကျယ်နေသလိုဖြစ်နေပါတယ်။ သူ့အမြင်ကတော့ သူတို့ဟာ စော်ဘွားမျိုးတွေဖြစ်လို့ တော်ရုံလူဆို ကြမ်းတပြေးထဲတောင်မထိုင်ပါဘူး။ အဲ့လောက်ထိဆိုးပါတယ်။ အဲ့ဒါကြောင့်လဲ ကြီးမေက ပြောနေတာပေါ့။ စော်ဘွားအနွယ်ဝင်ချင်းမယူရင် လုံးဝစကားမပြောပါဘူး မေမေတို့တွေက။ ခု ကြီးမေက ယူထားတာက ဗမာဆိုတော့ အိမ်လာရင် လုံးဝမှ အတူတူထမင်းလဲမစားဘူး ထိုင်လဲမထိုင်ပါဘူး။ ခုလဲကျွန်တော်သူ့အိမ်လာတာသိရင် သူ့ကို ဆဲမှာဆိုးတာနဲ့ပြောနေတာပေါ့ဗျာ။ ကျွန်တော်လဲ ကြီးမေနဲ့ စကားလေးဘာလေးပြောရင် ခဏနေပြီးတော့ ဘုရားပေါ်တက်ဖို့ထွက်လာခဲ့ပါတယ်။
ဘုရားပေါ်တက်ဘုရားဖူးပြီးအိမ်ပြန်ခဲ့တာပေါ့ဗျာ။ အဲ...အဲ့မှာဘဲဇတ်လမ်းစတော့တာပေါ့။ အိမ်ရောက်လို့ ခြံထဲဝင်မယ်အလုပ်မှာ ဘေးအိမ်ကနေ ကျောင်းလွယ်အိပ်လေးလွယ်လို့ ထွက်လာတဲ့ကောင်မလေးတယောက်ကို တွေ့လိုက်ရပါတော့တယ်။ ဆံပင်က တင်ပါးဖုံး နှင်းဆီပန်းတပွင့်ခေါင်းမှာပန်လို့ အဖြူရောင် သိုးမွှေးဆွယ်တာလေးနဲ့ လှချင်တိုင်းလှနေတဲ့ကောင်မလေးတယောက်။
“ အား.....ဘွမ်း...”
“ ဟဲ့..ဟဲ့ ဇောင်းလေး ဘာဖြစ်တာလဲကွယ် နင်ဒီတံတားလေးပေါ်တောင်ချောကြအောင် ဘယ်လိုလုပ်လျှောက်လာသလဲကွယ် ”
“ ဘာမှမဖြစ်ဘူး အန်တီ ဟီး ”
ကျွန်တော်ကောင်မလေးကိုကြည့်လိုက်တော့ ပါစပ်လေးလက်နဲ့ပိတ်လို့ ရယ်သွားတာတွေ့လိုက်ရပါတယ်။ အိမ်ပေါ်တက် ရေချိုး မနက်စာစားပြီးတော့ အိမ်ရှေ့မှာထိုင်နေတဲ့ အန်တီ့အနားသွားပြီး
“ ဟဲ.ဟဲ. အန်တီ မေးစရာလေးရှိလို့ ”
“ ဘာမေးမှာလဲ သားရဲ့ မေးလေ ”
“ ဟို ဘက်အိမ်က ကောင်မလေးကို သိလား ဟင် ”
အဲ့လိုလဲမေးလိုက်ရော
“ တော် ဇောင်းလေး အန်တီကို ပြဿနာလာမရှာနဲ့ နင်သိလို့မရဘူး သူ့အကြောင်း ငါ့ကို နင့်အမေ သတ်လိမ့်မယ် အေးဆေးနေပါ ဇောင်းလေးရယ် ” အဲ့လိုပြောပြီးထသွားပါတော့တယ်။ ကျွန်တော်လဲ အန်တီက မသိချင်ပါနဲ့ဆိုမှ ပိုသိချင်လာတယ်။ ဒါနဲ့ ဆိုင်ကယ်ယူပြီး ကိုလေးတို့ ကိုလတ်တို့ စီထွက်လာလိုက်ပါတယ်။
ကိုလေးတို့စီရောက်တော့ ကျွန်တော်သိချင်တဲ့ ကောင်မလေးအကြောင်းတတွတ်တွတ် မေးပါတော့တယ်။ အစတော့ ကိုလေးတို့လဲမပြောပါဘူး အန်တီ့ လေသံအတိုင်းလိုက်လာတာပါဘဲ။ ကျွန်တော်အတင်းမေးနေတာနဲ့ သူတို့လဲ နားမခံနိုင်ကြတော့တာနဲ့ ကောင်မလေးအကြောင်းပြောပြပါတော့တယ်။ ကောင်မလေးက ဇီးကုန်းသူလေးတဲ့။ သင်္ချာ ဒုတိယနှစ်လာတက်တာတဲ့ ။ မိဘတွေကတော့ တောသူဌေးတွေတဲ့။ လယ်လုပ်ကြတယ်။ ပြည်နဲ့ရန်ကုန် လိုင်းဆွဲတဲ့ သံလွင်ကား (၂)စီး(၃)စီးလောက်ပိုင်တယ်တဲ့။
“ အဲ့ဒါများ ကိုလေးနဲ့ အန်တီတို့နဲ့က ဘာဖြစ်နေကြတာလဲဗျာ သူ့အကြောင်းလေးမေးတာကို ”
“ ဟ..ဘာဖြစ်ရမလဲ မင်းအမေအကြေင်းမင်းမသိတာမှမဟုတ်ဘဲဟ သူလုံးဝသဘောတူမှာမဟုတ်ဘူး မင်းသိပါတယ် ငါ့ညီရာ ”
“ အာ ..ကိုလေးတို့ကလဲ ဒီခေတ်ကြီးထဲမှာ အဲ့ဒါတွေ မလိုပါဘူးဗျာ ”
“ အေး..မင်းက မလိုပေမယ့် မင်းအမေကတော့ ရမှာမဟုတ်ဘူး ငါ့ညီ အေးဆေးနေပါကွာ ပြဿနာမရှာချင်စမ်းပါနဲ့။ လာ ကျူသွားထိုးမယ်။ အဲ့ကောင်မလေးအကြောင်းမေ့လိုက်။ ဟုတ်ပြီလား ”
ကျွန်တော်ဘာမှပြန်မပြောဘဲ သူတို့နဲ့ ကျူထိုးဖို့လိုက်သွားလိုက်ပါတယ်။ ညကြတော့ ကျွန်တော် ဂီတာယူပြီး ဘာသီချင်းဆိုရကောင်းမလဲ စင်းစားနေတုန်း မသိစိတ်တွေခေါ်ဆောင်ရာ ပါစပ်ကထွက်သွားတဲ့သီချင်းကတော့
“ ဆံရှေလေနဲ့ ကောင်မလေးရယ်
ကိုယ်သိတ်ချစ်ရတဲ့ အချစ်ဆုံးမိန်းကလေရယ်
မျှော်လင့်လျှက်ရှိတယ် မင်းအပြုံး
အကြင်နာများပေးသနာလှည့်ပါကွယ်....အိုဝို့ ဝို့...ကောင်မလေးရယ် ”
ကျွန်တော့်သီချင်းသံကြားလို့လားမသိ ဘေးအိမ်က ကောင်မလေးအခန်းက လိုက်ကာလေးလှုပ်သွားတာမြင်လိုက်ရတယ်။ ဒါနဲ့ကျွန်တော်လဲ မထူးဘူးဆိုပြီး သီချင်းတွေတပုဒ်ပြီးတပုဒ် သူ့အတွက်ဆိုနေမိတယ်။ ဘယ်လောက်အထိကြာသွားတယ်မသိပါဘူး အန်တီက အိပ်ဖို့လာခေါ်မှာဘဲ ကျွန်တော်အိပ်ရာထဲဝင်မိပါတော့တယ်။ မနက်နိုးလာတော့လဲ ကျွန်တော်အရင်လို မပြေးတော့ဘဲ သူကျောင်းသွားမယ်ံအချိန်ကို အိမ်ရှေ့မှာထိုင်စောင့်ရင် သူ့မျက်နှာလေးကို နေ့တိုင်းကြည့်နေမိတယ်။ ကြာလာတော့ အန်တီရိပ်မိလာပုံရပါတယ်။ တနေ့ အန်တီက မြိုထဲသွားမယ်ဆိုပြီးထွက်သွားပါတယ်။ ကျွန်တော်လဲကောင်မလေးထွက်လာမလားစောင့်ရင် အိမ်မှာတယောက်ထဲ ထိုင်နေတာပေါ့။
“ ဟိတ်..ဒီမှာ ”
ကျွန်တော်အသံလာရာကိုကြည့်လိုက်ပါတယ်။ ဆံထုံးလေးထုံးပြီး မိုးပြာရောင်ဝမ်းဆက်လေးနဲ့ လှချင်တိုင်းလှနေတဲ့ ကောင်မလေးကိုတွေ့လိုက်ရပါတယ်။
“ မိုးခူးလိုက်တဲ့ ပန်းလေး အဲ့ဘက်ခြံထဲကြသွားလို့ ကောက်ပေးလို့ရမလား ဟင် ”
“ အော်.. ဟုတ်..ဟုတ်ကဲ့ ရပါတယ် ”
ကျွန်တော်အရောင်အမှားမှာနဲ့ စကားတွေထစ်နေပါတော့တယ်။ သူလိုချင်တဲ့ပန်းလေးသွားကောက်ပေးပြီး
“ နာမည်က မိုးတလုံးထဲလာ ”
“ မဟုတ်ပါဘူးရှင့် နှင်းမိုးသိမ့် ပါ ” အသည်းထဲဆွဲသွားအောင်မှတ်ထားလိုက်ပါတော့တယ်။ နောက်နေ့တွေမှာဆို ကောင်မလေးကျောင်းသွားတာနဲ့ ကျွန်တော်အိမ်ကထွက်ပါတော့တယ်။ သူကိုကျောင်းလိုက်ပို့ စကားတွေဖေါင်ဖွဲအောင်ပြောပေါ့။ နောက်တော့ ကျွန်တော်လဲဘယ်လိုမှမနေနိုင်တာနဲ့ဘဲ
“ သိမ့် ကိုယ်ပြောစရာရှိလို့ နားထောင်ပေးနိုင်မလား ဟင် ”
” အင်း ပြောလေ ဇောင်း ဘာပြောမှာလဲ ”
“ ကိုယ် သိမ့်ကို စိတ်ဝင်စားတာ သိမ့်သိပါတယ်နော်အဲ့..အဲ့ဒါ ကိုယ့်မျှော်လင့်ချက်လေးအတွက် အလင်းရောင်လေးတခုလောက် လက်ဆောင်ပေးနိုင်ပေးနိုင်မလား ဟင် ”
“ ကျောင်းပြီးမှ အဖြေပေးမယ်လေ နော် ”
“ ဟာ ကွာ အဲ့လောက်ကြီးအချိန်မဆွဲနဲ့ကွာ နော် ”
“ ခုဘဲပေး နော် ”
“ အင်း ဒါဆိုရင်လဲ ဒီနှစ်စာမေးပွဲနောက်ဆုံးနေ့ကြ အဖြေပေးမယ် ”
ကျွန်တော်တော်တော်လေးပျော်သွာ.တယ်။ စာမေးပွဲပြီးရင်ဆိုတော့ ရက်တွေသိပ်မလိုတော့ဘူးလေ။ ဒါနဲ့ သည်းခံပြီးစောင့်နေလိုက်တာ စာမေးပွဲဖြေပြီးလို့ သူအိမ်ပြန်မယ့်ရက်တောင်ရောက်လာပါတော့တယ်။ ကျွန်တော်လဲအတင်းမေးနေတော့သူက
“ ညနေရထားတက်ရင် ဘူတာရုံမှာစောင့်နေ အဖြေပေးမယ် ”
“ ကတိ နော်သိမ့် ”
“ အင်းပါ ဆက်ဆက်စောင့်နေနော် ”
ဒါနဲ့ကျွန်တော်လဲ ညနေကြေ၇ချိုးပြီးရထားဘူတာရုံမှာသွားထိုင်စောင့်နေပါတယ်။
“ သား..ဇောင်းလေး နင်ဒီမှာဘာလုပ်နေတာလဲ ”
အသံလာရာလှည့်ကြည့်လိုက်တော့
“ ဟင်..အန်တီ ဘာမှလုပ်ပါဘူး ပြင်းလို့ “
“ အန်တီကိုမလိမ်နဲ့ သား နင့်ကိုအန်တီ ငယ်ငယ်လေးထဲက မွေးလာတာ ပြောစမ်း မှန်မှန် “
“ ဟို..ဟိုလေ အန်တီစိတ်မဆိုးရဘူးနော် ”
“ ပြောမှာသာပြော မလိမ်ရင်ပြီးရော ”
“ အင်း ဒါဆိုပြောမယ် သားကို သိမ့်က ဒီညအဖြေပေးမယ် ဒီကစောင့်နေဆိုလို့စောင့်နေတာ အန်တီ ”
“ ဟင်..ဘုရားဘုရား ဇောင်းလေး နင်စိတ်မှကောင်းသေးရဲ့လား ဟင် ...မမကြီးသိရင် ငါတော့အသတ်ခံရတော့မှာဘဲ ဟယ် နင်တယောက်နဲ့တော့တကယ်ဘဲ စိတ်ညစ်ပါတယ် ”
“ အာ..အန်တီကလဲ မေမေက ကျွန်တော်ပြောရင်ရပါတယ်ဗျ စိတ်ချပါ အေးဆေးပါ အန်တီကလဲ ”
အဲ့အချိန်မှာဘဲ သိမ့်က သူ့အဒေါ်တွေနဲ့ ရောက်လာပါတယ်။ အန်တီက သူ့အဒေါ်တွေစီသွားပြီး ဘာသွားပြောတယ်မသိပါဘူး။ ကျွန်တော်ကတော့ သိမ့်ဘယ်လိုနည်းနဲ့အဖြေပေးမလဲသာစောင့်နေပါတယ်။ ဒဏကြာတော့အန်တီပြန်ရောက်လာတယ် သိမ့်ကိုလက်ဆွဲပြီး။ သူ့အဒေါ်တွေပါ ပါလာကြတယ်။
“ ဇောင်းလေး သား..မင်းတို့ချစ်ခြင်းကို အန်တီတို့က မတားပါဘူး ဒါမေမယ့် မင်း အမေကို မင်းပိုင်အောင်ပြောပါအုံး သေချာမှ ရှေဆက်ပေါ့နော် သားလေး ”
“ အာ အန်တီကလဲဗျာ ကျွန်တော်အသက် (၂၈) ဖြစ်နေပါပြီဗျာ ကျွန်တော့ခြေထောက်ပေါ်ကျွန်တော်ရပ် တည်နိုင်ပါတယ်ဗျာ။ မေမေ့ကိုလဲ ရအောင်ပြောမယ်ဗျာ ”
“ အင်းပါ သားရယ် သား သာပိုင်အောင်လုပ်ပါ ကျန်တာအန်တီတာဝန်ယူတယ် ဟုတ်ပြီလား။ ကဲ သားတို့ချင်းစကားပြောကြအုံး အန်တီတို့ ဝယ်စရာလက်ဆောင်တွေဝယ်လိုက်အုံးမယ် ”
” ဟုတ်ကဲ့ အန်တီ ”
အန်တီတို့တွေထွက်သွားတော့
“ သိမ့် ကိုယ့်ကိုအဖြေပေးမယ်ဆို ဘယ်လိုလဲဟင် ကိုယ်ပျော်ရမှာလား ”
“မလောပါနဲ့ ဇောင်းရယ် ရထားထွက်တော့ သိမ့်ပေးပါ့မယ် ”
” ဟင် သိမ့်ကလဲ အခုပေးလေ ”
” မရဘူး ရထားထွက်မှပေးမယ် အတင်းဇွတ်တောင်းရင်မပေးတော့ဘူးနော် ဒါဘဲ ”
“ အင်းပါ သိမ့်ရယ် သိမ့်သဘော ကိုယ်မပြောတော့ဘူးနော် ရထားထွက်ရင်တော့ ကိုယ့်အတွက် ပျော်ပါရစေနော် ”
အန်တီတို့ပြန်ရောက်လာပါတယ်။ ရထားလဲထွက်တော့မှာမို့ တင်စရာပစ္စည်းတွေ ဝိုင်းတင်ပေးကြပါတယ်။ ဒီလိုနဲ့ ရထားဥသြောဆွဲပါပြီ ရထားဘီးတွေက စတင်လိမ့်နေပါပြီ ကျွန်တော့်မှာတော့ သိမ့်ပါစပ်လေးက ထွက်လာမယ့်စကားသံကိုသာ နားစွင့်နေပါတယ်။ ရထားသာအရှိန်နဲ့ ထွက်သွားပါပြီ သိမ့်စီက ဘာသံမှာမကြားလိုက်ရပါဘူး။ ဒါနဲ့ကျွန်တော်လဲ ဆိုင်ကယ်ယူပြီး ရထားနဲ့ကားလမ်းဆုံရှိတဲ့ ပထမနေရာပြေးပါတော့တယ်။
“ ဟဲ ဟဲ ဇောင်း သား ဘယ်လဲ အော်..ခတ်တော့တာဘဲကွယ်”
ကျွန်တော်လဲ ဆိုင်ကယ်နဲ့ ဘုရားကြီးတည့်တည့်လမ်းဆုံ ရထားလမ်းဆုံနေရာမှာစောင့်နေပါတယ်။ ရထားကတော့ မြို့ထဲမှာရှိသေးတာမို့ အရှိန်မမြန်သေးပါဘူး။ သိမ့်တို့စီးတဲ့ အတွဲရောက်လာပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်ပါတယ်။ သိမ့်တယောက် ပုဝါလေးနဲ့အလုပ်ရှုပ်နေတာတွေ့လိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လဲ နောက်ထပ်ရထားလမ်းဆုံရာ နောက်တနေရာကို ပြေးပါတော့တယ်။ အဲ့ရောက်တော့ ရထားအလာစောင့်နေပါတယ်။ သိမ့်တို့စီးတဲ့ရထားတွဲလေးရောက်လာပါပြီ။ ရထားကလဲ မြိုပြင်ထွက်ပြီဆိုတော့ အရှိန်ပါလာပါပြီ။ သိမ့်စီးတဲ့ ရထားတွဲလေးစီက ပုဝါလေးတခုလွင့်ကြလာပါတယ်။ ကျွန်တော်ဘာမှမစင်းစားတော့ပါဘူး ပုဝါရဖို့သာ စိတ်စောနေတာမို့ ဆိုင်ကယ်နဲ့ ရထားကိုယှဉ်လိုက်ပြီး ပုဝါကို ရအောင်ယူလိုက်ပါတယ်။
“ ဟာ..ကောင်လေး အဲ့ထိမဝင်နဲ့လေ ”
“ ဟာ ဟေ့ကောင်လေ သေတော့မှာဘဲ ရှေ့မှာလမ်းကကျင်းနေတယ် မဝင်နဲ့ ”
လမ်းမှာရထားဖြတ်နေတုန်းစောင့်နေတဲ့သူတွေရဲ့ အသံတွေဆူညံသွားပါတယ်။ ကျွန်တော်ကတော့ ပုဝါရဖို့သာ စိတ်စောနေတာမို့ ဘာမှမမြင်တော့ပါဘူး။
” ဟေး...ရပြီကွ ဟား..ဟား..”
“ ဟာ..“
“ ဒုန်း..”
“ ဟာ တိုက်ပြီဟေး ”
”လမ်းဘေးဆွဲချ ကြပါဟ မြန်မြန် ရထားကြိပ်တော့မှာဘဲ ”
ရှေ့မှာလမ်းကကျင်းတော့ ကျွန်တော်လဲအရှိန်နဲ့ ဆိုတော့ ဓါတ်တိုင်ကို ဘယ်လိုမှ ရှောင်လို့မရတော့ပါဘူး။ ဝင်တိုက်လိုက်ပါတော့တယ်။ အဲ့နောက်တော့ ကျွန်တော်လဲ ဘာမှမသိ အမှောင်အတိ ဖြစိသွားပါတယ်။
“ သား ဇောင်းလေး သတိရပြီလား ”
အန်တီအသံကို အရင်ဆုံးကြားလိုက်ရပါတယ်။ အားယူပြီးမျက်လုံး ဖွင့်ကြည့်လိုက်တော့။ အန်တီရယ် ဖေဖေရယ် မေမေရယ် ညီမလေးရယ် ဖွားပိန်နဲ့ ဖွားဖွား ဝတုတ်တို့ပါ ရောက်နေတာတွေ့လိုက်ရပါတယ်။ အားလုံးရဲ့မျက်နှာမှာတော့ ဆိုးရိမ်မှု မျက်လုံးတွေနဲ့ ကြည့်နေကြပေမယ့်။ မေမေ့ရဲ့ မျက်ဝန်းမှာတော့ မီးဝင်းဝင်းတောက်မတက် ဒေါသတွေနဲ့ ပြည့်နေတာတွေ့လိုက်ရပါတယ်။
“ အငယ်မ ငါ့သားဒီလိုဖြစ်တာ ဘယ်သူကြောင့်လဲ ပြောစမ်းအခု ငါ့ကို ”
ဒေါသသံပါနေတဲ့မေမေကို ဖွားဖွားတို့က အတင်းအပြင်ခေါ်ထုတ်သွားကြပါတယ်။
“ လာစမ်းဘာအော ညည်းမလဲ ဒေါသကြီဘဲ ငါ့မြေးလေးဆေးရုံတက်နေရတယ် ဆိုတာ သတိထားအုံလေ လာ လာ အပြင်သွားမယ် တူမကြီးစိတ်ရှော့ ”
ဒီလိုနဲ့ ဆေးရုံမှာ တပတ်လောက် နေပြီး ဆေးရုံက ဆင်းလာပါတယ်။ အိမ်ရောက်တော့ မေမေနဲ့ အန်တီမရှိပါဘူး အပြင်ထွက်သွားကြတယ်ပြောတယ်။ ဖွားဖွား(၂)ယောက်ကတော့
“ မြေးလေး သက်သာလား ဘာဖြစ်နေသေးလဲပြောနော် မသက်သာရင် ”
“ ဟုတ် ဖွားလေး သက်သာပါတယ် အေးဆေးပါ ဖွားလေးကလဲ ”
“ နင်ကတော့လေ မအေတူသားလို့မပြောရဘူး ခေါင်းကြောမာတယ် ကိုယ်လုပ်ချင်ရာ မရရအောင် ဇွတ်လုပ်တော့တာဘဲ ”
”ဖွားတို့ အကုန်သိပြီးပြီ ကောင်မလေးအိမ်လဲရောက်ပြီးပြီ ”
“ ဗျာ..မေမေရော ရောက်ပြီးပြီလား ”
“ အင်း ”
“ ဟင် ဒါဆို ဘာပြောလဲ မေမေက ”
“ ဘာမှမပြောပါဘူး မြေးလေးရယ် ။ နောက်တော့ သူကြည့်စီစဉ်ပေးမယ်ဘဲ ပြောတယ် ”
ကျွန်တော်မယုံပါ ဘယ်လိုမှမယုံပါ။ မေမေ့အကြောင်းလူတိုင်းသိနေတာ ဒီလိုလွယ်လွယ်နဲ့တော့ မေမေသဘောတူတာ စမ်းနေပါတယ်။ဆေးရုံတုန်းက မေမေ့မျက်ဝန်းထဲမှာ ကျွန်တော်ကောင်းကောင်းကြီးမြင်လိုက်ရတာဘဲ။ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
“ ရော့ သားကောင်မလေးပေးခဲ့တဲ့ ပုဝါလေး ”
ပုဝါလေးကို ကျွန်တော်ဖြန့်ကြည့်လိုက်တော့
ဇောင်း + သိမ့် = ထာဝရ
ကျွန်တော်ပျော်သွားပါတယ်။ ခဏနေတော့ အန်တီနဲ့ မေမေ ရောက်လာပါတယ်။ မေမေက
“ မိန်းမတယောက်အတွက်နဲ့ နင်ဒီလိုဖြစ်တာမရှက်ဘူးလား ဟင် ဇောင်း ။ နင်မိန်းမရှားနေလား ပြောစမ်းငါ့ကို ။ နင်မရှက်ပေမယ့် ငါရှက်တယ်။ နင်ငါတို့မျိုးရိုးကို သိက္ခာချလိုက်တာပေါ့လေ ဘာမဟုတ်တဲ့ လယ်သမားသားသမီးကိုမှ တန်းတန်းဆွဲရတယ်လို့ ကြားလို့မှမကောင် ဟယ် ”
“ အာ မေမေကလဲ ဒီခေတ်ကြီးထဲမှာ အဲ့ဒီအယူတွေ မရှိတော့ပါဘူ မေမေရာ ”
“ ဟဲ ဘယ်သူရှိရှိမရှိရှိ ငါ့တို့မျိုးရိုးမှာရှိတယ်ဟဲ့ ။ နင်ထင်ရာရှောက်လုပ်လို့မရဘူး နားလည်ထား။ ဟိုအငယ်မ နင့်စီ ငါ့သားအလည်လွှတ်လိုက်တာ ဒီလိုလုပ်ဖို့လား နင်ဘာလုပ်နေလဲ ဟင် နင်မသိဘူးလား ”
“ မေမေ အဲ့ဒါ အန်တီနဲ့မဆိုင်ဘူး သားကိစ္စ သားဘာသာလုပ်တာ ”
“ ဘာ...နင်ဘယ်တုန်းက ငါ့ပြန်ပြောဘူးလို့လဲ ပြောစမ်း ခေါင်းထောင်မော်ကြည့်ဖူးလား အခုမှ လယ်သမားသမီးအားကိုးနဲ့ ပြန်ပြောနေတယ်ပေါ့လေ ပြောစမ်း ”
“မေမေ အဲ့လိုမပြောပါနဲ့ လယ်သမားလဲ လူဘဲလေ ”
“ အေး လူတော့လူဘဲ ဒါပေမယ့် အဆင့်အတန်းဆိုတာ ရှိတယ် နင်သိရမယ် မှတ်ထား ”
“ တော်ပြီ တူမကြီး နင်စိတ်ရှော့ထား လောလောဆယ် ငါတို့ ပဲခူးပြန်ရောက်မှ ကြည့်စီ စဉ်မယ် ”
“ မြေးလေး ဒီမှာနေခဲ့မှာလား ဖွားတို့နဲ့ ပြန်လိုက်မှာလား ”
“ ဒီမှာခဏနေအုံးမယ် ဖွားလေး ”
“ အေးအေး ဒါဆိုလဲ ဖွားတို့ မနက်ဖြန် ပြန်မယ် လိမ်လိမ်မာမာနေနော် နင့်အမေမကြိုက်တာဆက်လုပ်မနေနဲ့ ကြားလား ”
“ ဟုတ် ”
ဒီလိုနဲ့ နောက်ရက်ကြ မေမေတို့တွေ ပြန်သွားကြပါတယ်။ ဒါပေမယ့် မေမေ့လူရုံ တယောက်တော့ ကျွန်တော်နဲ့ ကျန်နေခဲ့ပါတယ်။ ကျွန်တော်သွားလေရာတကောက်ကောက် လိုက်နေပါတော့တယ်။ ဒီလိုနဲ့ ကျောင်းတွေပြန်ဖွင့်ပါပြီ။ သိမ့်အဒေါ်တွေစီက သိမ့်လာမယ်ဆိုတဲ့ သတင်းကြားလိုက်ရပါတယ် ။ အဲ့အချိန်မှာဘဲ မေမေ့လူရုံက
“ ကဲ ကောင်လေး လေးလေး ပြန်မယ် ကောင်းကောင်းနေနော် ဟုတ်ပြီလား မမကြီးအကြောင်း မင်းလဲအသိဘဲ လေးလေးပြန်ပြီ မမကြီးခေါ်နေပြီ ”
ကျွန်တော် အံသြသွားတယ် သိမ့်နဲ့ အဆက်အသွယ် မလုပ်ရအောင် စောင့်ကြည့်နေတဲပသူကို သိမ့်လာပြီ ဆိုမှ ပြန်ခေါ်လိုက်တာ ထူးစမ်းနေပါတယ်။ ကျွန်တော်ထူးစမ်းနေတာခဏပါဘဲ။ သိမ့်နဲ့တွေ့တော့ အဲ့ဒါတွေဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး။ ဘုရားဖူးကြ ရှောက်လည်ကြနဲ့ပေါ့။ တခါတလေ ကိုလေးတို့တွေနဲ့ပါ ရှောက်လည်ကြသေးတယ်။ ကိုလေးတို့ကတော့
“ မင်ဇတ်မင်းနိုင်ရင် ပြီးတာပါဘဲ ငါ့ညီရယ်..ကိုလေးတို့ကတော့ ပြောရုံဘဲရမှာပါ မင်းကလဲခေါင်းကြောမာ မင်းအမေကလဲ ခေါင်းကြောမာနဲ့ မင်းတို့သားမိနှစ်ယောက်ကြား မတွေးရဲဘူး ညီလေး ”
“ နောင်ခါလာ နောင်ခါဈေးပေါ့ ကိုလေးရာ ကျွန်တော်ကြည့်ရှငးမယ်။ လောလောဆယ်ပျော်နေတဲ့အချိန်တွေမှာ အဲ့ဒါတွေ မေ့ထားချင်တယ်။ ”
ဒီလိုနဲ့ သိမ့်ကျောင်းနောက်ဆုံးနှစ်ကိုရောက်လာပါပြီ။ သိမ့်မိဘတွေစီလဲ ကျွန်တော်မကြာခဏ ရောက်လို့နေပါပြီ။ ဒီလိုနဲ့တရက်မှာတော့ ကိုလေးတယောက် ကျွန်တော့်စီ အပြေးရောက်လာပါတယ်။
“ ငါ့ညီ ပြဿနာတော့တက်ပြီ ”
“ ဘာဖြစ်လို့လဲ ကိုလေးရ ”
“ မင်းကောင်မလေး မိဘတွေ ဘိန်းဖြူ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတယ်တဲ့။ ”
“ ဗျာ ..မဖြစ်နိုင်တာဗျာ သူတို့တွေက ရိုးပါတယ်ဗျာ ကျွန်တော်သိနေတာဘဲကို ကိုလေးတို့လဲ သူ့အိမ်ရောက်ဖူးနေတာဘဲလေ ”
“ အေးလေ အဲ့ဒါကြောင့် ပြဿနာတက်ပြီပြောတာပေါ့ဟ ”
“ ဟန် ဘာဆိုင်လို့လဲဗျ ”
“ ကြီးမေကြီး အကွက်စရွှေ့နေပြီနဲ့တူတယ်နော် မင်းသတိထားနေတော့ ”
“ ဗျာ ဘယ်လို ”
“ ဟုတ်တယ် သူ့တို့မြို့က သူတွေလဲ ဘယ်သူမှမယုံဘူး သူတို့အဲ့လိုမိတာ ”
“ ဟင်..ဒါဆိုဘယ်လိုလုပ်မလဲ ”
“ ငါလဲမသိဘူ ကြီးမေကြီးဘယ်လိုအကွက်ရွှေမလဲဆိုတာ အဲ့ဒါကြောင့်မင်းကိုသတိထားနေလို့ပြောတာဟ ”
ကျွန်တော်ခေါင်းတွေထူပူသွားပါတယ်။ ဒါနဲ့ ဆိုင်ကယ်ယူပြီး ဇီးကုန်းကိုပြေးပါတော့တယ်။ ဟိုရောက်တော့ မျက်နှာလေးတွေဖေါင်းအစ်လို့ ငိုထားတဲ့ သိမ့်ကိုတွေ့လိုက်ရပါတယ်။
“ ကို မေမေတို့ကိုကယ်ပါအုံးကိုရယ် မေမေတို့အဲ့လို မလုပ်တက်တာ လူတိုင်းသိပါတယ်။ အခုက အိမ်မှာမိတာတဲ့။ ဖေဖေရောမေမေရော (၂)ယောက်လုံးဖမ်းသွားကြပြီ။ လုပ်ပါအုံးကို ရယ် သိမ့်ကိုကူညီပါအုံးနော် ”
ကျွန်တော်ဘယ်ကဘယ်လိုစပြောရမှန်းမသိတော့ပါဘူး။ တခုခုလွဲနေပြီဆိုတာတော့ သေချာနေပါပြီ။
“ ကို ကြိုးစားကြည့်လိုက်မယ်နော် မငိုနဲ့ တော့နော် တိတ်တော့နော် သိမ့် ကို ရှိတယ် သိမ့်အနားမှာ နော် ”
သိမ့်ကိုနှစ်သိမ့်ပြီး ကျွန်တော်အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ အန်တီကိုပြောပြပါတယ်။ အန်တီလဲ သိမ့်အဒေါ်တွေကို သတင်းမေးနှင့်သိမ့်ဖို့ထွက်သွားပါတယ်။ ကျွန်တော့စိတ်ထဲမှာတော့ ဆိုးရိမ်မှုတွေ တစတစ ကြီးဆိုးလာပါတယ်။ ဒီလိုနဲ့ သိမ့်မိဘတွေရဲ့ အမှု ရုံးချိန်းရက်ရောက်လာပါတယ်။ ကျွန်တော်လဲ ရုံးကိုသွားပြီး ဘယ်လိုအမိန့်ချမလဲ သွားနားထောင်ဖို့ထွက်လာပါတယ်။ ရုံးရောက်တော့ သိမ့်ကိုမတွေ့ပါဘူး။ သူမိဘတွေသတင်းနားမထောင်ရက်လို့မလာတာနေမှာပါလေ ဆိုပြီးတော့ဘဲ နေလိုက်ပါတယ်။
မကြာလိုက်ပါဘူး လူတယောက် ပြေးဝင်လာပြီ သိမ့်မိဘတွေနားဘာပြောလဲမသိပါဘူး။ သိမ့်မေမေ ခွေလဲကြသွားပါတယ် လူတွေဝရုန်းသုန်ကားဖြစ်နေချိန်မှာ ကျွန်တော်ကြားလိုက်ရတာကတော့ သိမ့်တယောက် ဆေးထိုးအပ်တန်းလန်းနဲ့ သူ့အခန်းမှာ သေနေတယ်ဆိုတဲ့ သတင်းပါဘဲ။ ကျွန်တော်ဘယ်လိုမှ မယုံနိုင်အောင်ဖြစ်သွားပါတယ်။ သိမ့်တို့အိမ်အပြေးလှမ်းလာတော့ ဆေးရုံကားရောက်နေပါပြီ သိမ့် အလောင်းကို အိမ်ထဲက ထုပ်လာကြပါတယ် ။ ရဲတွေလဲရောက်နေကြပါပြီ။ ရဲအရာရှိတယောက်က သိမ့်အလောင်းကို လက်ထိပ်ခတ်လိုက်ပါတယ်။ ကျွန်တော်ဘယ်လိုမှ မခံစာနိုင်လောက်အောင် ရင်တွေပွင့်ထွင်ကုန်ပါတယ်။ ရဲအရာရှိစိကျွန်တော်အပြေးသွားပြီး။
“ တောင်းပန်ပါတယ်ဗျာ သိမ့်အလောင်းကိုတော့လက်ထိပ်မခတ်ပါနဲ့ဗျာ ။ ကျွန်တော်တောင်းပန်ပါတယ် ”
သိမ့်လက်လေးတွေကိုလဲ ကျွန်တော့ရင်ခွင်ထဲ မလွှတ်တမ်းပွေ့ဖက်ထားမိပါတယ်။ ရဲအရာရှိကြီးက
“ ညီလေးရယ် အစ်ကိုတို့က တာဝန်အရလုပ်ရတာပါကွာ ဆေးရုံရောက်မှ သေမှုသေခင်းစစ်ဆေးပြီးရင် လက်ထိပ်မခတ်သင့်ရင် မခတ်ပါဘူးကွာ ။ အခုတော့တာဝန်အရမို့ နားလည်ပေးပါကွာ နော် ” အဲ့လိုပြောပြီး သိမ့်အလောင်းကို လက်ထိပ်ခတ်လိုက်ပါတော့တယ်။ ကျွန်တော့ရင်တခုလုံး ပေါက်ကွဲလို့ ဘယ်လောက်ကြာကြာရပ်နေမိတယ်မသိပါဘူး။ ကိုလေးတို့ အန်တီတို့ရောက်လာတော့မှ
“ ငါ့ ညီ ဇောင်း ပြန်ကြရအောင်ကွာ နော် ”
“ သားဇောင်းလေး ပြန်ကြရအောင်နော် စိတ်ကိုရှော့လိုက်နော် လာ ကားပေါ်တက်ပြန်ကြမယ်နော်”
အဲ့ဒီနောက်မှာတော့ ကျွန်တော့စိတ်တွေ သိမ့်စီမှာသာ ရောက်နေပါတော့တယ်။ ဘာလုပ်လုပ် အရာရာတိုင်းသာ သိမ့်အရိပ်တွေသာဆိုးမိုးနေပါတယ်။ မစားမသောက်ဘဲ ရက်တွေများလာတော့ အိပ်ယာထဲ လဲပါတော့တယ်။ ဘယ်သူဘာကြွေးကြွေးမစားတာကြောင့်ကြာလာတော့ အိပ်ယာပေါ်မှာ သတိရတချက် မရတချက် ဖြစ်နေပါတယ်။ ဒီလိုနဲ့တရက်မှာတော့ မေမေ ရောက်လာပါတော့တယ်။
“ သားလေး ဇောင်း အစာလေးဘာလေးစားဘာကွယ်နော် မေမေ့သားက လိမ်မာပါတယ်နော် ” သူကိုယ်တိုင်ဆန်ပြုပ်လေးလာတိုက်ပါတယ်။ ဆန်ပြုပ်သောက်ရင်
“ မေမေ သိမ့်သေတာ လုပ်ကျန်တာတဲ့ သွေးရိုးသားရိုးမဟုတ်ဘူးဆို ဟုတ်လားဟင် ”
“ အဲ့ဒါတွေ ဒီအချိန်မှာ မေးမနေနဲ့တော့ သား မင်းနေကောင်းအောင်သာနေပါ ” လို့ခတ်ပြက်ပြက်ပြောပြီးထွက်သွားပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့အချေအနေက ဆိုးဆိုးလာပါတယ်။ နောက်ဆုံးတော့ အစာမဝင် အရည်လဲမဝင်တော့တာနဲ့ ပုလင်းတွေချိတ်ရတဲ့အဆင့်အထိရောက်လာပါတော့တယ်။ တနေ့ ဖွားဖွားတို့ (၂)ယောက်ရောက်လာပြီး ကျွန်တော့အဖြစ်ကိုလဲ မြင်ရော
“ ဟိုကောင်မ ဘယ်မလဲ ခုခေါ်စမ်း သူကြောင့် ငါ့မြေးလေးဘဝပါ ဆုံးတော့မယ် ခုထိ ခေါင်းကြောမာနေတုန်းဘဲလား ခုခေါ်ပေးကြစမ်း ”
အန်တီက မေမေ့ကို သွားခေါ်ပါတော့တယ်။ မေမေရောက်လာတော့
“ ကဲ ပြောစမ်းပါအုံး မိခေါင်းမာကြီးရဲ့ နင့်ရဲ့လုပ်ရပ်တွေကို ဟင် အခုတော့ သူတို့ချင်းကွဲတဲ့အပြင် ငါ့မြေးလေးပါ အစစ်ပါတော့မယ်။ အခု ဖြစ်နေတာ နင့်သားလေ နင့်သားဟဲ့ အမိုက်မရဲ့ ”
“ အို....ဒေါ်လေးတို့ကလဲ ကျွန်မသားမှန်းကျွန်မသိပါတယ်။ ငွေရှိတာဘဲ ကျွန်မကုနိုင်ပါတယ် ဒေါ်လေးရယ်။ ကျွန်မသားအသက်တော့ အဆုံးဘယ်ခံပါ့မလဲ ”
“ အေးနင် အဲ့လို အရာရာကို ငွေနဲ့တိုင်း လူတိုင်းကို မျိုးရိုးဂုဏ်ဆိုတာတွေနဲ့ တားနေလို့ အခုလိုဖြစ်ကုန်ပြီလေ ။ ငါ့မြေးလေးအခုဘယ်လိုလုပ်မလဲ ”
“ ကြီးမေကြီးတို့ရယ် အပြင်မှာပြောကြပါ သားလေးရှေ့မှာ မပြောကြပါနဲ့ ” အန်တီဝင်တားတော့မှ အားလုံးအပြင်ထွက်သွားကြပါတော့တယ်။ ကျွန်တော့ဘေးမှာ မေမေ့ရဲ့ လူရုံ လေးလေးစိုင်း တယောက်သာကျန်ခဲ့ပါတယ်။ လေးလေးစိုင်းလဲ ကျွန်တော့ အဖြစ်ကိုကြည့်ရင်း မျက်ရည်တွေဝိုင်းလို့
“ သား လူလေး လေးလေးကို ခွင့်လွှန်ပါကွာ ”
” အာ လေးလေးကလဲ ဘာလို့လဲ ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာ ရပါတယ် ”
“ မဟုတ်ဘူး လူလေး လေးလေးမင်းအဖြစ်ကိုမမြင်ရက်လို့ပါကွာ ။ လေးလေးအရင်ဆုံးပြောချင်တာက လေးလေးကို ခွင့်လွှတ်ပေးဖို့ အရင်တောင်းဆိုပါတယ်။ မမကြီးရဲ့ ခိုင်စေချက်ကြောင့် လူလေးကောင်မလေးရဲ့ မိဘတွေကို အရင်ဆုံးထောင်ချောက်စင်ဖမ်းခိုင်းခဲ့တာပါ။ အဲ့လိုဖမ်းလိုက်ပေမယ့် လူလေးက နောက်ပြန်မလှည့်ဘဲ ရှေ့ဇွတ်တိုးနေတော့။ နောက်ထပ်အစီအစဉ်အနေနဲ့ ကောင်မလေးကို ရှင်းခိုင်းလိုက်တာပါကွာ။ လေးလေး တားပါသေးတယ်ကွယ် ။ မမကြီးက ကျွန်မသားနားမှာ အဲ့ဒီ့ မျိုးရိုး မရှိတော့ရင်ပြီးရော ကျွန်မအကုန်လုပ်မှာဘဲဆိုပြီး ပြောတာနဲ့ လူလေး မေမေရဲ့ ခေါင်းကြောမာတဲ့ အမိန့် အတိုင်းလုပ်လိုက်ရတာပါကွာ။လေးလေးကိုခွင့်လွှန်ပါနော်။ ”
ကျွန်တော့် ခေါင်းတွေချာချာလည်သွားပါတော့တယ်။ ကျွန်တော်သတိရတဲ့အချိန်မှာတော့ ကျွန်တော့ဘေးမှာဆိုးရိမ်မှုတွေနဲ့ကြည့်နေကြတဲ့ မျက်နှာတွေ ဆရာဝန်တွေကတော့ အပ်တွေပိုက်တွေနဲ့ အလုပ်ရုပ်နေကြတာတွေ့လိုက်ရပါတယ်။
“ ကျွန်တော်ဘယ်ရောက်နေတာလဲ ဟင် ”
“ မြေးလေး သတိရလာပြီလား ဖွားတို့ရှိတယ်နော်မြေးလေး ရန်ကုန်ဆေးရုံးကြီးကိုရောက်နေတာ စိတ်အေးအေးထား ဟုတ်လား ”
“ သား ဇောင်းလေး အန်တီရှိတယ်နော် ဘာမှခေါင်းထဲမထားနဲ့ နေကောင်းအောင်ကြိုးစား နော် ”
ဖေဖေကတော့ ကျွန်တော့်လက်ကလေးကိုအသာဖြစ်လို့ အသံတိတ်အားပေးနှင့်သိမ့်နေပါတယ်။ ညီမလေးကတော့ မျက်ရည်လေးတွေသုတ်လို့ ကျွန်တော့ဘေးမှာငိုနေရှာပါတယ်။ မေမေကတော့ ကျွန်တော့်ကို တွေတွေကြီးစိုက်ကြည့်ပြီး
“ မေမေ့ကို ခွင့်လွှတ်ပါသားလေးရယ် မေမေလေ သားလေးကိုချစ်လွန်းလို့ လုပ်လိုက်တာပါကွယ် နော်“
ကျွန်တော်ယဲ့ယဲ့ လေးပြုံးပြရင်
“ သားကပြောရမှာပါ မေမေရယ် မေမေမကြိုက်တာကိုမှ သားကရွေးလုပ်တာကို သာကသာ တောင်းပန်ရမှာပါ မေမေရယ်။ သားကိုခွင့်လွှတ်ပါနော်။ နောက်ဆိုလေ သားမေမေ မကြိုက်တာမလုပ်တော့ပါဘူး လို့ ကတိပေးပါတယ်။ ခုလောလောဆယ်တော့ သားကိုတခုတော့လိုက်ရောပေးပါနော် ဒါနောက်ဆုံတောင်းဆိုချင်းပါ မေမေရယ်။ ”
“ ပြော ပြောလေ သားလေးဘာလုပ်ချင်လဲ ပြော မေမေ အကုန်မဖြစ်ဖြစ်အောင်လုပ်ပေးမယ် ”
“ သားကိုလေ သိမ့်ပေးခဲ့တဲ့ပုဝါလေး သားကိုပေးလို့ရမလား ဟင် ”
“ ရတယ်သား မေမေရှာပေးမယ်နော် ”
အန်တီက “ ကျွန်မ ပိုက်ဆံအိမ်ထဲမှာရှိတယ် မမလေး ”
“ ရော့ သား သားလိုချင်တဲ့ပုဝါ ”
ကျွန်တော်ရှိသမျှအင်အားလေးနဲ့ သိမ့်ပေးခဲ့တဲ့ ပုဝါလေးကို ဖြန့်ကြည့်လိုက်ပါတယ်။
ဇောင်း + သိမ့် = ထာဝရ တဲ့ သိမ့်ရယ် ဒီပုဝါထဲက နမိတ်လေးအတိုင်း သိမ့်နဲ့ကို ထာဝရမခွဲဖို့ သိမ့်စီကိုလိုက်လာပြီသိမ့်ရယ်။ ကျွန်တော်မျက်ရည်တွေစီးကြလာပါတယ် အမြင်တွေလဲ ဝါးလာပါတယ်။
ကို..ကိုရေး.....သိမ့်ဒီမှာ
သိမ့် ..သိမ့်ရေ ကိုယ်လာပြီ သိမ့်
“ တီ..တီ..တီ..တီ..........................”
“ လုပ်ကြပါအုံး သား သားရေ”
“မြေးလေးမြေးလေး..“
“ ကိုကြီး ..ကိုကြီးရေ”
“ ဟင်...အမိုက်မကြီး မိအတ္တကြီးကြီးရဲ့ နင်လုပ်လိုက်လို့ ငါ့မြေးလေး ရေတိမ်နစ်ပြီ ကောင်းကြသေးရဲ့လား အမိုက်မရဲ့။ တိုင်းချင်ပါအုံးလား ဟင် အရာရာကို ငွေနဲ့ မျိုးရိုးတွေနဲ့ ခုတော့နင်စည်းထားတဲ့ တံတိုင်းအောက်မှာ ငါ့မြေးလေးကို စတေးလိုက်ရပြီဟဲ့ အမိုက်မရဲ့ ”
အရာရာတိုင်းနောက်ကြသွားပါပြီ။ အတ္တတွေ ငွေတွေနဲ့ မျိုးရိုး တွေအဆွဲကြောင့် ခုတော့အရာအားလုံးနောက်ကြသွားကြပါပြီ။


ချစ်ခင်လေးစားလျှက်.......ဇောင်း (ရင်တွင်းဖြစ်)
မှတ်ချက်။ ။ သေးဆုံးနေသောကျွန်တော်ရဲ့ နှလုံးသားအား ရေးသားဖေါ်ကြူးထားသော ကျွန်တော့ဘဝဖြစ်ရပ်မှန်ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.