ကဲ..ဒီတခေါက်ကတော့ အလိမ်ခံလေးများ(သို့မဟုတ်) မျက်ရည်တိမ်တိုက်များ မလေးရှားကိုရောက်လာကြပါပြီဗျာ...
(၃) မလေးရှားရောက်စ မြန်မာများရဲ့ အတွေ့အကြုံများ
ရောက်လာပါပြီဗျာ မလေးမြေကို ၊ မြန်မာပြည်က
မျက်ရည်တိမ်တိုက်များ စပြီးမိုးဖွဲလေးတွေနဲ့မိတ်ဆက်ရပြီပေါ့
။လေယာဉ်ကွင်းမှာ ဒီဘက်နိုင်ငံက အေးဂျင့်လာမကြိုလို့ ဘာလို့ဆိုပြီး
ညအိပ်ရတဲ့သူတွေရှိသလို တခါထဲလာခေါ်တဲ့သူတွေရောရှိသဗျ။လာခေါ်တဲ့သူတွေ
ကထားလိုက်ပါတော့ ။ညအိပ်ရပါပြီတဲ့ လေဟာဉ်ကွင်းမှာ ။ မြန်မာပြည်မှာတုန်းက
ဘာမှမပြောလိုက်တဲ့အေးဂျင့် ၊ အဝတ်အစားက အပိုယူလို့မရ ဒီတထည်ထဲနဲ့
လေယာဉ်ကွင်း တမန်တလင်းရဲ့ အေးစက်စက် ပွေ့ဖက်မှု ၊
အေးလိုက်တဲ့အဲကွန်းဒါဏ်..ခံပေရော့ တညနှစ်ည အေးဂျင့်လာမခေါ်သရွေ့။ ဗိုက်စာ
ဘယ်နားဘာရှိလို့ ဘာရှိမှန်းမသိ ။ တက်သလောက်မှတ်သလောက်
အင်္ဂလိပ်စကားနဲ့ပြောတော့လဲ လူတိုင်းနားမလည် (မလေးရှားမှာ အင်္ဂလိပ်စကားကို
ရုံးတွေမှာသာအသုံးများပါတယ်) သိမယ်ထင်လောက်တဲ့ လေယာဉ်ကွင်းက
အမှုထမ်းတွေမေးတော့လဲ မြန်မာမှန်းသိတာနဲ့ နှခေါင်းကရှုံပြီး ဟိုလက်ညှိုထိုး
ဒီလကိညှိုညွှန်နဲ့။ ရောက်စဆိုတော့နားမလည် ငါတို့ကိုဘာလို့အကြည်တာပါလိမ့်ပေါ့။
နောက်မှသိရတော့တယ် သူတို့ဘာလို့မကြည်တာ။
ဒီလိုနဲ့ အေးဂျင့်လာခေါ်ပါတော့တယ်။ နှုပ်ဆက်ပါတယ် ကိုရွှေလေယာဉ်ကွင်းပေါ့ ။ရောက်ပါပြီဗျာ အေးဂျင့်အိမ်။
CCTV ကင်မရာတွေအပြည့်တပ်လို့ လူတွေကို အခန်းရှည်ကြီးထဲမှာ
ပြွတ်သိတ်ထဲ့လို့ အလုပ်ကလာခေါ်မယ်ဆောင့်နေတဲ့။ အခန်းထဲကြည့်လိုက်တော့
သူလိုကိုယ်လိုတွေက အပြည့် ...ဟူး...........။ဒါနဲ့ ကိုယ့်အိပ်ယာလေး
လွတ်တဲ့နေရာ မှာအသာခင်း ကွေးကွေးလေးအိပ်ပေါ့ ။ ဟော....ထမင်းစားချိန်ဆိုဘဲ
ကဗျာကရာထ
ကိုယ်စားရမယ့်ထမင်းလေးကြည့်လိုက်တယ်..။ဟူး.....ထမင်းလုံကရေကြည့်လို့တောင်ရတယ်
ကြည်ဥလေးတချမ်းနဲ့ ရောက်လာပါတယ် ။ မနက်စာပြီးပြီပေါ့ တခါ ။ နေ့လည်စာရော
ထို့နည်းတိုင်းပေါ့။ ဒါက ဖရီးကောလင်းဆိုတဲ့ လူတွေပေါ့ ။
စက်ရုံကောလင်းဆိုဘဲ ။လာခေါ်ပါပြီ လေယာဉ်ကွင်းကနေ
နေရမယ့်အဆောင်ရောက်ပါပြီ။ လောလောဆယ် အလုပ်မဝင်သေးလို့တဲ့
ကိုယ့်ဘာသာဖြစ်သလိုစားကြတော့တဲ့။ မြန်မာပြည်ကပါလာတာလေးတွေ
ထုပ်စားရတောပတာပေါ့ ထမင်းချက်စရာကမရှိ ပိုက်ဆံပေးရင်ချက်ပေးတယ်ဆိုတာနဲ့
ချက်ခိုင်းရတယ်။ ချက်ပေးတာကတော့ မြန်မာနော်..လူမျိုးခြားမဟုတ်ဘူး။
တော်လိုက်တဲ့ ဗုဒ္ဓဘာသာပါဘားနော်...ဟူး.....။ ကူညီရိုင်းပင်းတက်တယ်တဲ့ ။အော်
...ဝေးလေစွပါတကား ။
အလုပ်ခွင်ဝင်ကြပါပြီ...။စက်ရုံသမားကလဲစက်ရုံပေါ့.
။စားသောက်ဆိုင်သမားကလဲသူအလုပ်ဆင်းရမယ့် ဆိုင်ပေါ့
။မြန်မာပြည်မှာပြောလိုက်တဲ့ အေးဂျင့်ရဲ့ မစားရဝကမန်း စားရိတ်ငြိမ်းဆိုတဲ့
အလုပ် စတွေ့ပါပြီဗျာ ။ စက်ရုံသမားတွေလဲစားရတော့ ပုံစံခွက်လေးနဲ့
ထမင်းလားရမယ်...ဟင်းလား..အဲ့မှာလေလောက်အောင်စား ကြက်ဥလေးတစ်ခြမ်းနဲ့
မလေးစားစရာ ချိုချိုစပ်စပ် ဘာဖတ်တေါလဲမသိ ဗိုက်ကစာတော့
ဝါးတယ်ဟာ...။အလုပ်ကပြန်တော့ ညစာ....ကြွေးဘူတဲ့ ကိုယ့်ဘာသာချက်စားရတာတဲ့။
အလုပ်ချိန်ဘဲကြွေးတာတဲ့။
ဟိုက်...သေပြီဆရာဘဲ...ပြောတော့စားရိတ်ငြိမ်းဆို..ခုတော့နေ့တဝက်ဘဲငြိမ်းတာပေါ့။
တွက်ထားသမျှလွဲပြန်ပေါ့ဟ...။
စားသောက်ဆိုင်သမားတွေ စပါပြီအလုပ်
ပြေးဟ....ဝိတ်တာအလုပ်..ဆေးဟ....ပန်ကန်တွေ...ပန်ကန်တချက်ကို
တခါဘဲပွတ်နိုင်တယ် နှစ်ခါလောက်ပွတ်လိုက်တာနဲ့ ငတ်ပြီဟ ထမင်းတနပ်
ပန်ကန်တေါတောင်လိုပုံလာတာလေ။ မပြီးရင်ဟိုကအော် ဒီကအော် ကိုယ်ကဘာမှမပြောတက်
တလုံးမှနားမလည်..။အဲထမင်းစားမယ်ဆိုဘဲ...အတော်ဘဲနဲနဲနားရမယ်။
ဝိတ်တာပြေးရလို့ ဗိုက်တွေကစာ ၊ခြေထောက်တွေကညောင်း ၊ပန်ကန်ဆေးရတော့
ခါးတွေကတောင့် ဆွဲမဟထမင်းကို အားရပါးရပေါ့..။
ရောက်လာပါပြီဗျာ
ထမင်းနဲ့ဟင်းမနက်ကစားသောက်ဝိုင်းကကျန်တာတွေရောချက်ထားတာတဲ့...။ထမင်းရောယင်းရောအကြိုက်စားဆိုဘဲ..။သေပြီစရာပေါ့..သူများကျန်တာတွေ
ဆုပြီးကိုယ့်ပြန်ချက်ကြွေးတာဘဲ..စားကြပါအုံးလားဗျာ..။ထမင်းစားရမယ့်နေရာကြည့်လိုက်တော့
စားသောက်ဆိုင်နောက်က အိမ်သာလေးဘေးမှာ ခွေးခြေလေးချလို့ စားပြီးသားပန်ကန်က
အိမ်သာထဲက ရေနဲ့ဆေး ပန်ကန်ဆင်မှာပြန်ထောင်လို့ ။ ထမင်းစားပြီးတော့
နားမယ်ပေါ့ ...။" ဝေး...ဆူဒါးကား....ကျပတ်ကျပတ် " တဲ့ ဘာမှန်းတော့မသိဘူး
ကိုယ့်ကိုပြန်အလုပ်ခိုင်းနေတာတော့ သိလိုက်တယ်။
ပြန်ပြေးရတော့တာပေါ့..ပြေးဟေး..ပြေးဟ..ဆေးဝေး..ဆေးဟ..။
အလုပ်သိမ်းပါပြီဗျာ ညစာ ကိုယ့်ဘာသာချက်စား၇မှာဆိုဘဲ
။ဟိုက်....စားရိတ်ငြိမ်းဆို...သွားပြန်ပေါ့ဟ.။ ညစာလေးချက်နေ့လည်ကစားခဲ့တဲ့
အိမ်သားလေးနားမှထိုင်စား အိမ်သာရေနဲ့ကိုယ့်ပန်ကန်လေးဆေး ..အော်
...မြင်လှည့်ပါအုံး...အဖေအမေတို့ရေး..။ ထမင်းစားရင်ကြလာတဲ့
မျက်ရည်တွေအသာသုတ် တနေကုန်ပင်ပန်းသမျှ
အိပ်ရာလေးပေါ်တက်မှေးပြီပေါ့....အား....................ဟယဘာလဲဟ။
ကြည့်လိုက်တော့ အားလားလား ကြမ်းပိုးကြီး သွေးတွေကိုဝဖီးလို့ ။သတ်ဟေးသတ်ဟ
တညလုံး။ဟိုကကိုက်လို့ ဒီဘက်လှိမ့် ဒီဘက်ကကိုက်တော့ ဟိုဘက်ပြန်လှိမ့်..။
ဟိုသီချင်းလေးပြန်ကြားမိတယ် ဘာတဲ့
(ဟိုဘက်တိုးလိုက်...ဒိဘက်တိုးလိုက်..တိုးရင်းနဲ့ကလိုက်..ကရင်းနဲ့တိုးလိုက်)
အဲ..အဲ့ဒါကသီချင်း ကိုယ်ကတော့ တိုးရင်းနဲ့အိပ်လိုက်
ကိုက်ပြန်တော့တိုး....အော်.....တညကုန်ပြန်ပေါ့။
အဲ..ဒီလိုနဲ့ လကုန်ပြီပေါ့ ။ လစာထုပ်ပါပြီဗျာ
...လည်ဗီးကျေးဆိုလာဘာလား ဖြတ်တယ်တဲ့(၁၅၀) ..လစာကရတာ(၁၀၀၀) (၁၅၀)နှုပ်တော့
(၈၅၀)ကျန်တယ် ။ ရောက်တုန်းက ညစာလေးတွေချက်စားဖို့ ဟိုလူပေးဒီလူကပေးတာလေးတွေ
ပြန်ပေး။ လက်ထဲကြည့်လိုက်တော့ (၇၅၀)လောက်ကျန်တယ်.။ အော်
...အိမ်နဲ့ဆက်သွယ်လို့ရအောင် ဖုန်းလေးတလုံလောက်ဝယ်မှ။ ရောက်စဘာမှမသိတော့
ဖုန်းတလုံး(၂၀၀) (၃၀၀) ဆိုဘဲ..အော်..ဝယ်ပေါ့ သိမှမသိတာကို။(
နောက်တော့မှသိရတာ ကြာလာတော့မှပါ ဖုန်းတလုံး(၂၀)(၃၀)ဆိုရတယ်တဲ့ )
ဒါကတော့ပိုက်ဆံဆုချင်စိတ်ရှိတဲ့သူတွေအတွက်ပါ။
မလေးရှားရောက်ရင်မြန်မာတွေအဓိက ပြဿနာကဖုန်းဘဲ။
သူများကိုင်လိုက်ကိုင်ကြ။ ရောက်စဘာမှမသိ။ ဝယ်ဟေး..။ထားလိုက်ပါတော့
ခုဖုန်းလေးဝယ်ပြီးပြီ ကျန်တဲ့ငွေလေးနဲ့အိမ်လွှဲမယ်ပေါ့ ။
ဖုန်းလေးဝယ်ပြီးကျန်တဲ့ငွေ(၅၀၀)လေးနဲ့ ငွေပို့ပါပြီဗျာ ။ နောက်လမှာ
ညစာလေးတွေချက်စာဖို့ (၁၀၀)လောက်တော့ယူထားမှဘဲ။ကျန်တဲ့(၄၀၀) အိမ်လွှဲပြီပေါ့။
ငွေဈေးနဲ့တွက်ကြည့်တော့ ဟိုက်
...(၁)သိန်းတောင်မနဲဘဲ။ဒီလိုနဲ့တလပြီးသွားပြန်ပါတယ်။
နောက်လတွေကြတော့ လိုတာလေးတွေဝယ်နဲ့ အင်းပို့ပါပြီ။ (၂)သိန်း....အဲ..နောက်လတွေကြတော့..စပါပြီ ။တနေ့တနေ့
ဒါတွေဘဲစားနေ၇တော့ ညီးငွေ့လာလို့ ကိုယ့်ဘာသာချက်စားတဲ့အခါချက်စား
စားစရိတ်လေးကပိုလာပြန်ပြီ ။ဒီလတော့အိမ်ကို(၁)သိန်းဘဲလွဲတော့မယ်ပေါ့။
မြန်မာပြည်ကနေ ဘာမှမသိရှာတဲ့ မိဘတွေကတော့ စားရိတ်ငြိမ်းဆို
သုံးစရာလေးချန်ပြီးလွှဲလေတဲ့ ။ဒီမှာကယူထားတဲ့ အတိုးတွေကတက်တယ်တဲ့။
မိဘတွေအသံကြားရပြန်တော့လဲ..အော်..ပို့ရပေမပေါ့ ။ဒါနဲ့ဘဲ ဒီကလူကမျိုမကြတော့
အကုန်လွှဲဟေး.....ထမင်းစာတော့ ငိုရပြန်ပေါ့ ...ထမင်းပန်ကန်မှာ ဟင်းရည်မလို
မျက်ရည်များနဲ့စမ်းစားလို့ ကိုက်လိုက်တဲ့ကြမ်းပိုး အိမ်အကုန်လွှဲလိုက်လို့
ပိုးသတ်ဆေးလေတောင်မဝယ်နိုင် ဟိုလှိမ့်ဒီလှိမ့်နဲ့ ညတွေဆက်ပြီပေါ့။
အော်...မလေးရှားတဲ့လား....
ကဲ...ဒီတစ်ခေါက်တော့ဒီလောက်နဲ့ဘဲ
ကြေနပ်ပေးကြပါတော့နော်....မှားတာရှိရင်လဲ...ဝန်တာမိပါလို့သာ
တောင်ပန်လိုက်ပါတယ်...ဘယ်သူ့ဘယ်သူကိုမှ မရည်ရွယ်ပါဘူး။
အမြင်မတော်လို့လျှာဝင်ရှေကြည့်တာ...ဟိဟိဟိဟိ....
အပိုင်း(၄) ကိုဆက်လက်ဆောင့်မျှော်ရင်း.......
No comments:
Post a Comment
Note: only a member of this blog may post a comment.