Tuesday, 22 April 2014

ရာဇဝင်တွင်မယ့် ရင်ခွင်


ဘာမှန်းမသိတဲ့ အချစ်
ငါ့ရင်ခွင်မှာ မရှိပါဘူး.......ချစ်သူ
အလျှားအနံမရှိ အသွားအပြန်သာရှိတဲ့
မေတ္တာတွေသာ ငါ့ရင်ခွင်မှာ
ရှိနေတာပါ...ချစ်သူ
အပူမီး လူတွေငြီးတဲ့ ဒီအချစ်
ငါ့ရင်ခွင်က ပြစ်ပြစ်ခါခါ လွှတ်ပြစ်လို့
အေးမြစိမ့်စမ်း မေတ္တာပန်းများကသာ
သစ္စာရေကိုသောက်
ဂရုဏာကိုလျှောက်တန်းလုပ်
သံယောစဉ်ဆိုတဲ့ မြေသြစာကိုကြွေး
ယုံကြည်မှု ပိုးသတ်ဆေးတွေသုံးလို့
လာသမျှ သံသရတွေကို တွန်းလှန်
နားလည်မှုအညွန့်တွေသန်စွာ
မေတ္တာပန်းတို့ ပွင့်လန်းရာ
ရင်ခွင်တခုပါ....ချစ်သူ
ရာဇဝင်မှာစာတင်ခဲ့တဲ့ အချစ်တွေ
ရူးကြောင်ကြောင်လူတွေအဖြစ်
ငါ့ရင်တွင်းမှာ သက်ဝင်
ငါ့ရင်ခွင်က မေတ္တာတွေသာ
ရာဇဝင်မှာ တကယ်တွင်မယ့်
ရာဇဝင်တွင်မယ့် မောင့်ရင်ခွင်......

လွမ်းသူ(ဖလတ်ဆောင်းလူမိုက်) / ++ဇောင်း++(ရင်တွင်းဖြစ်)



No comments:

Post a Comment

Note: only a member of this blog may post a comment.