Monday, 10 March 2014

ဒဏ္ဍာရီအလွမ်း

မနက်နေမင်း အလင်းဖြန်းပတ်
အာရုံမနက် အလွမ်းခတ်ပြီ
 ချစ်သူရင်ငွေ့ နွေးနွေးဘယ်မမှီ........
 နေမင်းကွယ်ပြောက် ညချမ်းတောက်ပ
 လမင်းစန္ဒာ ငွေသော်တာ၏
 အေးချမ်းရိပ်သည် အလွမ်းခတ်ပြီ
 ချစ်သူရင်ငွေ့ အေးရိပ်ကိုအတည်.......
 လေညှင်းတိုးတိုက် အရှိုက်ခတ်ပြီ
ရှူ ဆိုင်းမွေးလို့ အလွမ်းခတ်ပြီ
 ချစ်သူ့ကိုယ်သင်း မွှေးပြန့်ကိုအတည်.....
သစ်ရွက်တွေကြွေ လေပွေအရိုင်း
လှုပ်ခတ်တိုင်းမှာ အလွမ်းခတ်ပြီ
ချစ်သူ့ရင်လှိုက် ငိုရှိုက်သံမည်........
 နေမင်း လမင်း ငွေနှင်းစုံအညီ
သစ်ရွက်ကြွေသံ လေးတိုးသံအဆုံး
 ချစ်သူမုန်းလို့ ရုပ်စွအဆုံး
 လောကတခွင်လုံး အရာဟူသမျှ
ချစ်သူ့ ကိုယ်ပွား စိတ်မှတ်ထားသည်
 မေ့ ရက်တကယ်မရှိပြီ..............
ဒဏ္ဍာရီချစ်သူ သိမည်မထင်ပြီ.........

No comments:

Post a Comment

Note: only a member of this blog may post a comment.