ရေမရှိဘဲ ငါးလေးတကောင်
အသက်မရှင်နိုင်သလို
ငါးမရှိတဲ့ ရေစီးသံဟာ
မသာယာနိုင်ဘူး ချစ်သူ.....
ငါးကလေးရဲ့မျက်ရည်ကို
အပြင်ပတ်ဝန်းကျင်က မမြင်ရပေမယ့်
ရေကတော့ ကောင်းကောင်းကြီး ခံစားတက်လို့
မြင်ရတယ် ချစ်သူ....
ရေကပြောတယ် သူ့ရင်ခွင်ထဲမှာ
ငါးလေးရှိလို့သာ သူ့မျက်ရည်တွေကို
မြင်ရတာ ခံစားနိုင်တာပါတဲ့ ချစ်သူ....
ကိုယ်လဲမင်းကို ရေလိုအချစ်မျိုးနဲ့
ချစ်သူအကြောင်း အပြည့်အဝနားလည်ခဲ့သလို
ရေစီးသန်တဲ့ ရေတံခွန် အမြင့်တွေမှာ
ကြမ်းတန်းစွာစီးရတဲ့အခါ
ငါးကလေးကိုမပါစေဘဲ
ညိမ့်အေးပြီးတသွင်သွင်စီးတဲ့ ရင်ခွင်ထဲမှာ
ရှင်သန်စေသလို
ကိုယ်လဲမင်းအပေါ်မှာ ရေလိုသာ ချစ်ခဲ့သူပေါ့ချစ်သူ......
မျှော်လင့်ချက်ဆိုတာ မထားပေမယ့်
တောင့်တမှုလေးတော့ရှိတယ်ချစ်သူ
တနေ့နေ့တချိန်ချိန်မှာ ကိုယ်လဲ
ရေရဲ့ရင်ခွင်ထဲက ငါးကလေးလိုဖြစ်ပါရစေ..........
အသက်မရှင်နိုင်သလို
ငါးမရှိတဲ့ ရေစီးသံဟာ
မသာယာနိုင်ဘူး ချစ်သူ.....
ငါးကလေးရဲ့မျက်ရည်ကို
အပြင်ပတ်ဝန်းကျင်က မမြင်ရပေမယ့်
ရေကတော့ ကောင်းကောင်းကြီး ခံစားတက်လို့
မြင်ရတယ် ချစ်သူ....
ရေကပြောတယ် သူ့ရင်ခွင်ထဲမှာ
ငါးလေးရှိလို့သာ သူ့မျက်ရည်တွေကို
မြင်ရတာ ခံစားနိုင်တာပါတဲ့ ချစ်သူ....
ကိုယ်လဲမင်းကို ရေလိုအချစ်မျိုးနဲ့
ချစ်သူအကြောင်း အပြည့်အဝနားလည်ခဲ့သလို
ရေစီးသန်တဲ့ ရေတံခွန် အမြင့်တွေမှာ
ကြမ်းတန်းစွာစီးရတဲ့အခါ
ငါးကလေးကိုမပါစေဘဲ
ညိမ့်အေးပြီးတသွင်သွင်စီးတဲ့ ရင်ခွင်ထဲမှာ
ရှင်သန်စေသလို
ကိုယ်လဲမင်းအပေါ်မှာ ရေလိုသာ ချစ်ခဲ့သူပေါ့ချစ်သူ......
မျှော်လင့်ချက်ဆိုတာ မထားပေမယ့်
တောင့်တမှုလေးတော့ရှိတယ်ချစ်သူ
တနေ့နေ့တချိန်ချိန်မှာ ကိုယ်လဲ
ရေရဲ့ရင်ခွင်ထဲက ငါးကလေးလိုဖြစ်ပါရစေ..........
No comments:
Post a Comment
Note: only a member of this blog may post a comment.