သွေးအလူးလူးနဲ့
အဆွေးလမ်းကြားထဲ
လဲကြနေတဲ့ နှလုံးသားတခု
ကူသူမယ့် ထူသူမယ့်လို့
သွေးရူးသွေးတန်းတဲ့ တမ်းတအော်ငြီးနေတာက
မင်းနာမည်နဲ့ အလွမ်းသံစဉ်တွေ
စီးကြနေတဲ့ သွေးစက်တွေနဲ့
ဆွေးလမ်းမထက်မှာရေးမိတာက
တမ်းတနေတဲ့ ကဗျာတပုဒ်
ဖတ်တဲ့သူမရှိ ခံစားပေးမယ့်သူမရှိပေမယ့်
ငါ့နှလုံးသားက သွေးစက်ကြရာ
မင်းကိုလွမ်းရတဲ့ကဗျာတွေသာဖြစ်လာရပြီ
ချစ်ခြင်းတွေ စွန့်ပြစ်ခြင်းခံရတဲ့ နှလုံးသားအစုံ
နောက်ဆုံးတော့လဲ အချိန်ဆိုတဲ့ဆေးရုံမှာ
ကုသလို့ပြီးပေမယ့်
ချုပ်ရိုးနဲ့ အမာရွတ်တော့ကျန်ခဲ့ပြီ
ပုံမှန်မဟုတ်တော့တဲ့ နှလုံးသားမှာ
အမှားများနဲ့ ရင်ထပ်ခုန်ခဲ့မယ်ဆိုရင်
အရင်ဒဏ်ရာဟောင်းက
သွေးများပြန်ထွက်မလားကြောက်နေပြီ...................ချစ်သူ
လဲကြနေတဲ့ နှလုံးသားတခု
ကူသူမယ့် ထူသူမယ့်လို့
သွေးရူးသွေးတန်းတဲ့ တမ်းတအော်ငြီးနေတာက
မင်းနာမည်နဲ့ အလွမ်းသံစဉ်တွေ
စီးကြနေတဲ့ သွေးစက်တွေနဲ့
ဆွေးလမ်းမထက်မှာရေးမိတာက
တမ်းတနေတဲ့ ကဗျာတပုဒ်
ဖတ်တဲ့သူမရှိ ခံစားပေးမယ့်သူမရှိပေမယ့်
ငါ့နှလုံးသားက သွေးစက်ကြရာ
မင်းကိုလွမ်းရတဲ့ကဗျာတွေသာဖြစ်လာရပြီ
ချစ်ခြင်းတွေ စွန့်ပြစ်ခြင်းခံရတဲ့ နှလုံးသားအစုံ
နောက်ဆုံးတော့လဲ အချိန်ဆိုတဲ့ဆေးရုံမှာ
ကုသလို့ပြီးပေမယ့်
ချုပ်ရိုးနဲ့ အမာရွတ်တော့ကျန်ခဲ့ပြီ
ပုံမှန်မဟုတ်တော့တဲ့ နှလုံးသားမှာ
အမှားများနဲ့ ရင်ထပ်ခုန်ခဲ့မယ်ဆိုရင်
အရင်ဒဏ်ရာဟောင်းက
သွေးများပြန်ထွက်မလားကြောက်နေပြီ...................ချစ်သူ
No comments:
Post a Comment
Note: only a member of this blog may post a comment.