Monday, 10 March 2014

အသဲကွဲသူများမဖတ်ရ

မင်းခြေဆေးဖို့အတွက်
ငါ့နှလုံးသွေးတွေလဲ ဖေါက်ထုပ်ပြီးပေးခဲ့ပြီးပြီ
 မင်းဘဝတင့်တယ်လှပနေဖို့ အတွက်
 အသည်းနှလုံးကိုပလင်လုပ်လို့
 ငါ့ဘဝကြီးမှာ စိုးစံစေခဲ့ပြီးပြီ
ဒါတောင်မင်းက
သံသယ သံလျှက်ဆွဲကိုင်လို့
ငါ့အသက်ကိုယူ နောက်တယောက်
 ကောက်တော်မူချင်သေးတာလား
 နှလုံးသားဘုရင်မရယ်......
 မင်းနဲ့တူတွဲခဲ့တဲ့ နေ့ရက်တွေကို
 ငါမုန်းလို့ နေမင်းတောင်
ထွက်ခွင့်မပေးချင်ခဲ့တဲ့ ငါ...
 နေ့ခင်းဆိုတာကိုကြောက်လို့
 နေမင်းကို ရူးမိုက်စွာနဲ့
လက်နဲ့အတင်းဆွဲချနေမိတယ်.....
 မဟုတ်ဘူး...မဟုတ်ဘူး....မင်းနဲ့တူရှိခဲ့တဲ့
 နေ့ရက်တွေကို ငါမမုန်းပါဘူး..
 မင်းမရှိတော့တဲ့အချိန်တွေမှာ
မင်းရှိခဲ့တဲ့အချိန်တွေကို
 ပြန်တွေးရဲတဲ့အင်အားမရှိလို့ပါ.....
 ရက်ဆက်နိုင်ပါတယ်ကွာ...
ဒါပေမယ့် မင်းနဲ့ဝေးတဲ့ဒဏ်ကို
ခံနိုင်တဲ့ အင်အားတခုလောက်တော့
ကိုယ့်ဘဝအတွက် အကူလေးတခုလောက်
ထားခဲ့ပေးပါလားနော်...
အသဲကွဲရင်အချိန်နဲ့ကုရင်ပြောက်တယ်တဲ့
 ပြောတဲ့သူတော့မသိဘူးကွာ...
ကုနေတဲ့ကိုယ့်မှာတော့
 အဲ့ဒီအချိန်ဆိုတဲ့ဆေးသောက်ရတာ အခါးဆုံးဘဲ
 အလွမ်းတွေက ရင်မှာနင်လို့
 ငြင်ငြင်သာသာလေးသာ
အသက်ထွက်ချင်မိတော့တယ်ကွာ............

No comments:

Post a Comment

Note: only a member of this blog may post a comment.