play....ချစ်တယ်..ချစ်တယ်..
ဘယ်တော့မှမရိုးတဲ့သီချင်း
မင်းပြင်းလို့ဘဲနားထောင်နား
ရောင်လို့ဘဲဖွင့်ဖွင့်
အစဉ်အသံ လွင့်ပျံနေတာက
ဒီတိပ်ခွေထဲက အချစ်ဆိုတဲ့ တေးသွား
stop.......
မအားလို့ဘဲပိတ်ပိတ်
ရိုးလို့ဘဲမဖွင့်ရင်လဲမဖွင်
ဒါပေမယ့် မင်းသတိရလို့ပြန်ဖွင့်လိုက်
ဒီသံစဉ်တွေဘဲထွက်လာမှာပါချစ
နောက်ပြန်ရစ်လဲ ဒီသံစဉ်...
ရှေ့ကြော်ရင်လဲ ဒီအတိုင်း
ဘယ်တော့မှ မရိုင်းတဲ့ ဒီသံစဉ်တွေ
ကိုယ့်ရင်ထဲကအချစ်တွေလဲ
ဒီတိပ်ခွေတွေလိုဘဲ
မင်းထားခဲ့လို့ ပြစ်သွားလဲ
ကိုယ့်ချစ်တွေကတော့
ပေးစရာလူမရှိ နားထောင်မယ့်သူမရှိလို့
ရပ်နေယုံဘဲရှိမယ်ချစ်သူ
လျှော့မသွားဘူး တိုးလဲမလာဘူး
ဒါပေမယ့် မင်းသတိရလို့နားထောင်ချင်ရင
play .....လိုက်ပါချစ်သူ
မင်းထွက်သွားတုန်းက ရပ်ထားခဲ့တဲ့အတိုင်း
ပြန်ဖွင့်ပြနေမှာပါချစ်သူ
မင်းမယုံရင်..stop လုပ်ပြီးပြန်ပြီး...play...
play........ချစ်တယ်...ချစ်

လွမ်းသူ (ဖလတ်ဆောင်းလူမိုက်) /++ ဇောင်း++
No comments:
Post a Comment
Note: only a member of this blog may post a comment.