စာဆိုများဖွဲ့ဆို နွေမှာတေးဆို
ဥသြငှက်သံ သာယာသံလို့
ဘယ်လိုဆိုဖွဲ့ ပြောကြပေမယ့်
မေမေ့ဆိုဟန် သားချော့တေးသံ
လောကတခွင် ပဲ့တင်လှိုင်လို့
သာယာငြိမ့်ညောင်း နားထောင်ကောင်းသည်
မည်သည့်သံသာ ပြိုင်နိုင်မလဲ......
စာဆိုများဖွဲ့ဆို မိုးမှာ အဆွေးပို
ရှစ်ခွင်မှုံမှိုင်း အုံ့မှိုင်းလို့ရီဝေ စာတွေစီလဲ
မေမေ့ရင်လှိုက် မေတ္တာတိမ်တိုက်များ
မှိုင်းလို့ဝေသည် လွမ်းလို့မပျယ်သည်
မည်သည့် အလွမ်းဆွေး ပြိုင်နိုင်မလဲ.....
စာဆိုများဖွဲ့ဆို ဆောင်းမှာအအေးပို
ထွေးပွေ့လိုသည် (၁၅၀၀)အချစ် အပူအချစ်ကို
တမ်းတဖွဲ့ဆို နွေးစေလိုကြောင်း
ဘယ်လိုပင်ဆိုဖွဲ့ ပြောကြပေမယ့်
မေမေ့ရင်ငွေ့ (၅၂၈) အငွေ့လောက်
မည်သည့်အနွေးက ပြိုင်နိုင်မလဲ....
စာဆိုများဖွဲ့ဆို ကမ္ဘာအိုပြက်
လောကတခွင် မြေပြင်တုန်ဟီး
မှောင်အတိပြီးမည် ကြောင်စရာ့တကယ်
အချိန်ပင်တည်းလို့ စာတွေစီလဲ
မေမေမရှိ လောကကြီးတွင်
အမိမဲ့သား ရေနဲငါးလို
မဟာတံတိုင်း လဲပြိုရိုင်လို့
အနာဂါတ်မှောင်အတိ
အမိမရှိသည့် ရင်ခွင်ပြောက်သော
သားသမီးလောက်
ကြောက်စရာ့ ကမ္ဘာမရှိပါတကား.........
ဇောင်း (ရင်တွင်းဖြစ်)
ဥသြငှက်သံ သာယာသံလို့
ဘယ်လိုဆိုဖွဲ့ ပြောကြပေမယ့်
မေမေ့ဆိုဟန် သားချော့တေးသံ
လောကတခွင် ပဲ့တင်လှိုင်လို့
သာယာငြိမ့်ညောင်း နားထောင်ကောင်းသည်
မည်သည့်သံသာ ပြိုင်နိုင်မလဲ......
စာဆိုများဖွဲ့ဆို မိုးမှာ အဆွေးပို
ရှစ်ခွင်မှုံမှိုင်း အုံ့မှိုင်းလို့ရီဝေ စာတွေစီလဲ
မေမေ့ရင်လှိုက် မေတ္တာတိမ်တိုက်များ
မှိုင်းလို့ဝေသည် လွမ်းလို့မပျယ်သည်
မည်သည့် အလွမ်းဆွေး ပြိုင်နိုင်မလဲ.....
စာဆိုများဖွဲ့ဆို ဆောင်းမှာအအေးပို
ထွေးပွေ့လိုသည် (၁၅၀၀)အချစ် အပူအချစ်ကို
တမ်းတဖွဲ့ဆို နွေးစေလိုကြောင်း
ဘယ်လိုပင်ဆိုဖွဲ့ ပြောကြပေမယ့်
မေမေ့ရင်ငွေ့ (၅၂၈) အငွေ့လောက်
မည်သည့်အနွေးက ပြိုင်နိုင်မလဲ....
စာဆိုများဖွဲ့ဆို ကမ္ဘာအိုပြက်
လောကတခွင် မြေပြင်တုန်ဟီး
မှောင်အတိပြီးမည် ကြောင်စရာ့တကယ်
အချိန်ပင်တည်းလို့ စာတွေစီလဲ
မေမေမရှိ လောကကြီးတွင်
အမိမဲ့သား ရေနဲငါးလို
မဟာတံတိုင်း လဲပြိုရိုင်လို့
အနာဂါတ်မှောင်အတိ
အမိမရှိသည့် ရင်ခွင်ပြောက်သော
သားသမီးလောက်
ကြောက်စရာ့ ကမ္ဘာမရှိပါတကား.........
ဇောင်း (ရင်တွင်းဖြစ်)
No comments:
Post a Comment
Note: only a member of this blog may post a comment.