ရေးစရာလေးတွေက ရောက်လာပြန်ပြီဗျိုး။ မျက်လုံးထဲအမြင်မတော် ၊ ကြားရတဲ့စကားတွေက
နားထဲမှာကန့်လန့် မလေးရှားမြေမှာ မြန်မာတွေရဲ့ မျက်ရည်တွေနဲ့ ရေကြီးနေတာ မမြင်ရက်လို့ ဒီစာရေးဖြစ်သွားတာပေါ့ဗျာ။
ဆရာတော့မဟုတ်ပါဘူး ၊သဘာလဲမရင့်သေးပါဘူး
မလေးရှားရောက်တာ။ ဒါပေမယ့် နောက်နောင် မလေးရှားကိုလာကြမယ့် အစ်ကိုတွေ ၊
ညီတွေ ၊အစ်မတွေ ၊ညီမလေးတွေ.....စတဲ့သူတွေသိအောင်တော့
ပြောပြရတော့မှာပေါ့ဗျာ။ပြောပြတဲ့နေရာမှာတော့ အပိုင်းအလိုက်
ပြောပြရေးသားသွားမှာပါ။ဒီဆောင်းပါးလေးထဲမှာ ပါမယ့်အပိုင်းတွေကတော့
(၁) မြန်မာပြည်မှ မလေးရှားသို့ လာချင်ကြသူများ (အလုပ်လုပ်ကိုင်ရန်)
(၂) မြန်မာပြည်မှ မလေးရှားသို့ ပို့ဆောင်ပေးသော အေးဂျင့်များ
(၃) မလေးရှားရောက်စ မြန်မာများရဲ့ အတွေ့အကြုံများ
(၄) မလေးရှားရောက် မြန်မာများရဲ့ လုပ်အားခကို မျှော်လင့်နေကြသော မြန်မာပြည်မှ မိသားစုများ
(၅) ပတ်စ်ပို့စ်စာအုပ်ကိုင်ထားရတဲ့ ဒုက္ခ
(၆) အိုဗာစတေး( ပတ်စ်ပို့စ် မရှိ) ရဲ့ဒုက္ခ
(၇) မြန်မာသံရုံး
(၈) ပြည်တော်ပြန် မြန်မာများရဲ့ ဘဝလမ်း.........စသည်ဖြင့်သူ့အပိုင်းအလိုက် တင်ပြရေးသားသွားပါ့မယ်။....ကဲ..စလိုက်ကြရအောင်ဗျား.....
(၁) မြန်မာပြည်မှ မလေးရှားသို့ လာချင်ကြသူများ (အလုပ်လုပ်ကိုင်ရန်)
ဒီအကြောင်းအရာလေးထဲမှာတော့ အလုပ်လုပ်ချင်လို့
(သို့မဟုတ်) စီးပွားရှာချင်လို့ (သို့မဟုတ်) အရင်းအနှီးလေးရှာချင်လို့
စတဲ့ ဘယ်လိုအကြောင်းကြောင့်နဲ့ဘဲ မလေးရှားကိုလာလာ။ အရင်ဆုံး
မလာခင်မှာတော့ ကိုယ်သွားရမယ့်နီုင်ငံရဲ့ ဘာသာစကားလေးတော့ အနဲဆုံး
လေ့လာခဲ့စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ကာ မလေးရှားမှာက အင်္ဂလိပ်လိုပြောတဲ့
အလေ့အကြင့်ဟာ ရုံးဌာဏတွေလောက်သာ သုံးကြတာမို့
အပြင်မှာတကယ်တန်းပြောကြပြီဟေ့ဆိုရင် အခတ်အခဲတွေအများကြီးဖြစ်လာနိုင်လို့ပါ။
အဲ....င်္ဒီနေရာမှာ ခုဏပြောတဲ့
ဘာသာစကားလေ့လာခဲ့ပါဆိုတာနဲ့ စကားပြောသင်တန်းတွေ
ဘာတွေတက်ရမယ်လို့မပြောဘူးနော်။ အဲ့ဒါက အလကားပိုက်ဆံဖြုန်းရာရောက်တယ်။
သင်တန်းတက်စရာမလိုပါဘူး။ မလေးစကားပြောစာအုပ်တွေသာ ဝယ်ဖတ်ပါ။
ကိုယ်မလေးရှားကို မသွားရသေးခင် စောင့်နေတဲ့အချိန်ပေါ့။ ဘာလို့
သင်တန်းမတက်ပါနဲ့လို့ ပြောရလဲဆိုရင်တော့ မိမိတို့ရဲ့ ပိုက်ဆံတွေကုန်ပြီး
အလဟသတ်ဖြစ်မှာကတစ်ကြောင်း ၊ နောက်ပြီး မလေးရှားမှာက မလေးစကားဟာ
အမျိုးမျိုးရှိပြီး တနေရာနဲ့တနေရာ ပြောတာမတူတာကတကြောင်း
စတဲ့အကြောင်းကြောင်းတွေကြောင့် မိမိရဲ့ငွေအကုန်သက်သာစေဖို့ ပြောရတာပါ။
(ကျွန်တော်မလေးရောက်တုန်းက ဘာတလုံးမှမတက်ပါဘူး။ တနေ့ကို(၅)လုံး
ကျွန်တော်ကျက်တယ်။ ပြီးရင်ပြောတယ်။ရသလောက်ပေါ့။ မရှက်ဖို့
မကြောက်ဖို့တော့လိုပါတယ်။)
မလေးရှားရောက်မှ ကိုယ်ရောက်တဲ့နယ်ရဲ့စကားနဲ့
ကိုယ်လေ့လာထားတဲ့ စာအုပ်ထဲကစကားတွေကို ပြန်ပြီးတိုက်ကြည့်မှတ်သားပြီး
ပြောတက်အောင်လေ့ကျင့်ရင် (၃)လ လောက်ဆိုတာနဲ့ နင်လားငါလား
မပြောတက်ရင်တောင်မှ အနဲဆုံးတော့ သူတို့ကိုကိုယ်ပြန်ပြီး ပြောလို့ရပါတယ်။
ဒါကတော့ ဘာသာစကားအပိုင်းပေါ့နော်။ နောက်တစ်ခုက
မလေးရှားကိုလာမယ့်သူတွေအနေနဲ့ ဘယ်အေးဂျင့်စကားမှ အကြွင်းမဲ့
မယုံဖို့ပါဘဲ။အေးဂျင့်တွေကတော့ မစားရ ဝကမန်း ပြောကြတာပါဘဲ။
သူတို့ကော်မရှင်ရဖို့အတွက်။ လစာကဘယ်လို ၊အလုပ်ကတော့ဘယ်လိုလေးဘဲလုပ်ရတာ
၊နေစရာကဘယ်လိုထားတာ စသည်ဖြင့်ပေါ့။ ပြောကြတာပါဘဲ။
တကယ်တန်းလက်တွေကြတော့ အဲ့ဒါတွေက (၁၀၀%) မှာ
(၄၀%)တောင်မနဲဖြည့်ပြီး မှန်ပေးလိုက်ရတာပါ။မြန်မာပြည်မှာကြတော့
(ဆိုကြပါဆို့) လစာကတော့ (၁၀၀၀) ၊ စားစရိတ်ငြိမ်း ၊နေစရာပေးမယ်
အဲ့လိုပြောပြီးပို့တာပါဘဲ။ လစာကဒီရောက်တော့ ပထမတော့ (၁၀၀၀) ဟုတ်ပါတယ်။
ရလဲရပါတယ်။ နောက်တော့ OT ကမရှိတာနဲ့ ၊ ဟိုလိုဖြစ်ရတာနဲ့ ဒီလိုဖြစ်ရတာနဲ့
တတိတတိနဲ့ (၉၀၀)ပျော့ပျော့ဘဲ
ကျန်တော့ပါတယ်။အဲ...စားစရာလာပြီ.....စားစရိတ်ငြိမ်း....ဟုတ်ပါတယ်
ကြွေးပါတယ်။ ဒါပေမယ့်........။ နေစရာလား..ပေးပါတယ်....ဒါပေမယ့်.......။
နောက်ပိုင်းမှာဘယ်လိုဆိုတာကို(မလေးရှားရောက်စ
မြန်မာများရဲ့အတွေ့အကြုံမျာ)မှာဆက်လက်တင်ပြပါ့မယ်။
အဲ့ဒါလေးတွေရှိတာကြောင့်
ကိုယ်မလေးရှားမှာအလုပ်လာလုပ်တော့မယ်ဆိုရင် အဓိကကတော့ (၁)ပတ်စာ(၂)ပတ်စာ
စားစရာလေးတွေရယ်( မလေးရောက်ရင် အစားအသောက် ချက်ချင်းပြောင်းလဲတဲ့ အခါ ဒုက္ခ
မရောက်ရအောင်)
အဝတ်အစားတွေကို တက်နီုင်သမျှတော့ ပေါ့ပေါ့ပါးပါးလေးတွေပေါ့နော် ယူလာပေါ့ ၊ အဲတခုရှိတာက မလေးရှားကိုလာတဲ့နေ့ကြရင်တော့
စတိုင်လဲကြမယ် အအေးလဲခံနိုင်မယ့်ဟာမျိုး ဝတ်လာပေါ့ ၊ အခတ်မသင့်လို့
လေဟာဉ်ကွင်းမှာ အိပ်ရရင် အချမ်းသက်သာအောင်ပေါ့ ၊နောက်ပြီး မလေးရှားငွေ
(၁၀၀) (၂၀၀) လောက်လဲလာပေါ့ ၊ (ပြောသာပြောတာပါ ကျွန်တော်လာတုန်းက(၅၀)
ဘဲပါတယ်...ဟိ..ဟိ...ဟိ...) ဒီရောက်ရင် ဆက်သွယ်ရအောင်ပေါ့
ဖုန်းလေးဘာလေးဝယ်လို့ရအောင်ပေါ့ ၊ အဲ..အဲ...ဖုန်းဝယ်ဆိုတာနဲ့ သတိရလို့
တခါထဲပြောရအုံးမယ် မလေးရှားစရောက်တာနဲ့ မြန်မာတွေအများစုရဲ့ ဒုက္ခက
ဖုန်းဝယ်တာဘဲ၊ ကျွန်တော့သဘောကတော့ ဖုန်းကိုဆက်လို့ရရင်ပြီးရော
အဲ့သဘောနဲ့ဘဲ ဈေးသက်သက်သာသာလေးဘဲ ဝယ်သုံးစေချင်ပါတယ် ။
ဖုန်းအကောင်းကိုင်လို့ ဘာမှဖြစ်မလာပါဘူး ။ နောက်တော့သိလာမှာပါ
မလေးရှားမှာအနေကြာလာရင် ။
ကဲ...ဒီတစ်ခေါက်တော့ဒီလောက်နဲ့ဘဲ
ကြေနပ်ပေးကြပါတော့နော်....မှားတာရှိရင်လဲ...ဝန်တာမိပါလို့သာ
တောင်ပန်လိုက်ပါတယ်...ဘယ်သူ့ဘယ်သူကိုမှ မရည်ရွယ်ပါဘူး။
အမြင်မတော်လို့လျှာဝင်ရှေကြည့်တာ...ဟိဟိဟိဟိ....
အပိုင်း(၂) ကိုဆက်လက်ဆောင့်မျှော်ရင်း.......
No comments:
Post a Comment
Note: only a member of this blog may post a comment.