ရင်ခွင်မြေလွှာ နှလုံးသားမှာ
ချစ်ဆကိုတိုး ချစ်ပင်ပျိုးလို့
မေတ္တာကိုရင်း ပင်စည်ဖန်ဆင်း
သစ္စာကိုင်းခတ် အထပ်ထပ်နှင့်
စေတနာကို သစ်ရွက်လိုမိုး ရည်ရွယ်ရိုးလို့
သည်းဆိုင်ဖူးငုံ သံယောဇဉ်ကြိုး
ပွင့်ညှာတန်လုပ် ဟန်မလုပ်တဲ့
အချစ်စစ်နဲ့ ပွင့်လန်းစေခြင် ချစ်ပျိုမေခင်......
ဖူးပွင့်တင့်လန်း အချစ်ပန်းကို
ပျုားပိတုန်းတို့ ဝတ်ရည်စုပ်သုံး
ညှိုးရော့ကုန်လဲ အချစ်မိုးရေ
ပတ်ဖြန်းဝေလို့ ပြန်လမ်းစေသည်
ပြုံးမပျက်ပါ ချစ်သူမေရာ.....
ကံအမှောင်ဆိုး လေးပြေတိုးလို့
နေရောင်ကထိုး ပွင့်ညှာညှိုးလို့
ပျားပိတုန်းတွေ သွေရှောင်လို့ပုန်း
မုန်းမေ့ပါစေ တကမ္ဘာလုံး
ဘယ်ခါမမုန်း သက်ထက်ဆုံတိုင်
သွေမရိုင်ချစ် မေတ္တာစစ်နှင့်
ချစ်လျှက်ပင်တည် မြေပြင်မဟီ
မောင့်ရင်ခွင်စီ ကြွေကာခနား
ပန်းချောက်လေးအား မြတ်နိုးသူပါ ချစ်သူရာ..............
ချစ်ဆကိုတိုး ချစ်ပင်ပျိုးလို့
မေတ္တာကိုရင်း ပင်စည်ဖန်ဆင်း
သစ္စာကိုင်းခတ် အထပ်ထပ်နှင့်
စေတနာကို သစ်ရွက်လိုမိုး ရည်ရွယ်ရိုးလို့
သည်းဆိုင်ဖူးငုံ သံယောဇဉ်ကြိုး
ပွင့်ညှာတန်လုပ် ဟန်မလုပ်တဲ့
အချစ်စစ်နဲ့ ပွင့်လန်းစေခြင် ချစ်ပျိုမေခင်......
ဖူးပွင့်တင့်လန်း အချစ်ပန်းကို
ပျုားပိတုန်းတို့ ဝတ်ရည်စုပ်သုံး
ညှိုးရော့ကုန်လဲ အချစ်မိုးရေ
ပတ်ဖြန်းဝေလို့ ပြန်လမ်းစေသည်
ပြုံးမပျက်ပါ ချစ်သူမေရာ.....
ကံအမှောင်ဆိုး လေးပြေတိုးလို့
နေရောင်ကထိုး ပွင့်ညှာညှိုးလို့
ပျားပိတုန်းတွေ သွေရှောင်လို့ပုန်း
မုန်းမေ့ပါစေ တကမ္ဘာလုံး
ဘယ်ခါမမုန်း သက်ထက်ဆုံတိုင်
သွေမရိုင်ချစ် မေတ္တာစစ်နှင့်
ချစ်လျှက်ပင်တည် မြေပြင်မဟီ
မောင့်ရင်ခွင်စီ ကြွေကာခနား
ပန်းချောက်လေးအား မြတ်နိုးသူပါ ချစ်သူရာ..............
No comments:
Post a Comment
Note: only a member of this blog may post a comment.