Monday, 10 March 2014

ခံနိုင်ရည်ရှိလား

အချစ်ဆိုတာကို.....

 ငှက်တကောင်လို့ ထင်မှတ်ခဲ့ရင်
 လှောင်အိမ်ထဲမှာ အလှကြည့်ဖို့ မကြိုးစားပါနဲ့ ပျံသန်းခွင့်ပေးလိုက်ပါ....
အတောင်ညောင်းလို့ ပြန်နားမယ့်အချိန်ကိုတော့
သည်းခံနီုင်ဖို့တော့လိုမယ်......

အချစ်ဆိုတာကို .........

ပန်းသီးတလုံးလို့ ထင်မှတ်ခဲ့ရင်
ကိုယ်ပေးမိတဲ့သူရဲ့ အသုံးပြုပုံပေါ်မူတည်မယ်...
အခွံမခွာ အူတန်မပြစ်တဲ့သူလဲရှိနိုင်သလို...
အခွံခွာပြီး အူတန်ပြစ်တဲ့သူနဲ့တိုးရင် အဲ့ဒီ့စွန့်ပြစ်တဲ့
ဒဏ် ခံနိုင်ဖို့တော့ လိုမယ်....

အချစ်ဆိုတာကို ..........

 စမ်းရေလို့ ထင်မှတ်ခဲ့ရင်
အဲ့ဒီစမ်းချောင်းလေး ကောင်မွန်စွာ စီးဆင်းဖို့အတွက်
 ရေတိုက်စားခံ ကမ်းပျိုတဲ့
ဒဏ်ကို ခံနိုင်ဖို့တော့လိုမယ်.....

အချစ်ဆိုတာကို .......

ပျားရည်တစက်လို့ ထင်မှတ်ခဲ့မယ်ဆိုရင်
 ချိုမြိန်တဲ့ပျားရည်ရဖို့
သစ်ပင်ကိုတက် ပျားတုပ်တဲ့ဒဏ်ကို ခံနိုင်ဖို့တော့လိုမယ်.....

 အချစ်ဆိုတာကို..........

ပန်းတပွင့်လို့ ထင်မှတ်ခဲ့ရင်
ဝတ်ရည်စုပ်သုံး ပျားပိတုန်းတွေကြောင့်
ညှိုးသွားတဲ့ပန်းကို ကြွေကြ မြေခလဲ
အပင်ရင်းနားအဝေးမသွားစေဘဲ ထွေးပွေ့ထားနိုင်တဲ့
သတ္တိတော့လိုမယ်......

No comments:

Post a Comment

Note: only a member of this blog may post a comment.