ဒီဘလော့ကိုရေးမလို့လုပ်နေတာကြာပြီ...သက်ဆိုင်သူက ခွင့်မပြုသေးလို့မရေးဖြစ်သေးတာ။ ခုတော့ခွင့်ပြုချက်ရတော့ရေးဖြစ်သွားပါပြီ။ သက်ဆိုင်သူကတော့ ခုမရှိတော့ပါဘူး။ ကွယ်လွန်သွားပါပြီ။ ဆေးလိပ်တွေအလွန်အမင်းသောက်ပြီး အဆုတ်ကင်ဆာနဲ့ ။ ခုသူကအင်တာနက်(အွန်လိုင်း)သုံးတဲ့ ချစ်သူတွေ သူလို မဖြစ်ရအောင် ရေးပေးပါဆိုလို့ ရေးလိုက်ရတာပါ။ ( စာဖတ်သူတွေဖတ်လို့ကောင်းအောင် ကျွန်တော်လို့သုံးထားပါတယ်) အဖြစ်အပြက်လေးကတော့.....................
တနေ့မှာပေါ့ ကျွန်တော်နဲ့ကောင်မလေးတယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ တယောက်ကိုတယောက်ချစ်လိုက်တာမှ ကမ်းကုန်ပေါ့။ ဘယ်သွားသွား ၊ဘယ်လာလာ မခွဲမခွါပေါ့ဗျာ။ ဒီလိုနဲ့တနေ့မှာ ကျွန်တော်တို့ (၂)ယောက်ရဲ့ ကြာမှာ အွန်လိုင်းဆိုတဲ့ နံရံအလွှာပါးပါးလေး စပြီးဝင်ရောက်လာပါတယ်။ ချစ်သူက သူများတွေအွန်လိုင်းသုံးနေတာ သူလဲသုံးချင်တယ်ဆိုပြီးပူစာတာနဲ့ ဆိုင်ပြေးပြီး လက်ပ်တော့လေးတလုံးဝယ်ပေးရတာပေါ့။။သူပျော်ရင်ကိုယ်လဲပျော်တဲ့အချိန်မဟုတ်လား။ ချစ်သူအလိုလိုက်ရတာ ပျော်တာပေါ့။ ချစ်တဲ့သူက ကိုယ်ဝယ်ပေးတဲ့ လက်ပ်တော့လေးနဲ့ ပျော်နေတာမြင်ရတော့ကိုယ်လဲပြောနေမိတာပေါ့။
ဒိလိုနဲ့တနေ့မှာတော့ ပုံမှန်တပတ်တနေ့သွားနေကြအတိုင်း ချစ်သူနဲ့တွေ့ဖို့သွားခဲ့ပါတယ်။ ချစ်သူစီရောက်တော့အရင်လို ကျွန်တော်လာရင်အပြုံးလေးနဲ့ကြိုနေကြမျက်နှာလေးဟာ အခုတော့ မော့တောင်မကြည့်ဘဲ အွန်လိုင်းမှာသာစိတ်ရောက်ပြီး ထိုင်လေတဲ့။ ဒါနဲကျွန်တော်လဲဘာမှမပြောဘဲ အသာလေးထိုင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာဘဲ ချစ်သူပြောလိုက်တဲ့စာကားက ကျွန်တော့်ရင်မှာ နူကလီးယားဗုန်း အလုံးပေါင်းထောင်သောင်းမက ကွဲထွက်သွားသလိုခံစားလိုက်ရပါတယ်။ သူပြောတာကတော့
ကျွန်တော်လဲ ယဲ့ယဲ့လေးပြုံးပြရင် အင်း...ပြောမယ်လေလို့ သဘောတူလိုက်ပါတယ်။ ရင်ထဲမှာဘယ်လိုမှမလိုလားပေမယ့် ချစ်သူပျော်ဖို့အဓိကမဟုတ်လား။ ဒီလိုနဲ့ အွန်လိုင်းကသူငယ်ချင်းတွေနဲ့ အပြင်မှာဆုံတိုင်း သူငယ်ချင်းပါလို့ ဟန်ဆောင်ပြီး ပြုံပြနေရတော့တာပေါ့။ ရင်ထဲမှာတော့ တခါပြုံးလိုက်တိုင်း အသဲတွေတစစီဆွဲဖဲ့ခံနေရသလိုပါဘဲ။ အဲလိုနဲ့ တပတ်တခါလာလာတွေ့ တခါတလေ အပြင်တွေဘာတေါလျှောက်လည်ကြပြန်တော့လဲ ...။အရင်ကဆို ဘုရားဖူး ၊ရုပ်ရှင်ရုံ ၊ ပန်းခြံတွေသွား ၊ အင်းယားက ဘူးသီးကျော်မှကြိုက်တဲ့သူက အခုဆို အပြင်ထွက်တာနဲ့ အင်တာနက်ဆိုင်သာ ခြေဦးလှည့်ပါတော့တယ်။
ကျွန်တော်ကတော့သူဆိုင်ထိုင်နေတာနဲ့ နေရာမှာအအေးသောက်ရင်း တယောက်ထဲအထီးကျန်စွားနဲ့ သူပြီးတဲ့အထိထိုင်ဆောင့်နေနေရတော့တာပေါ့။ မိုးသာချုပ်သွားတယ် အရင်လိုဘယ်မှလဲမလည်လိုက်ရဘဲ အိမ်သာပြန်ခဲ့ရတယ်။ လမ်းတလျှောက်လဲ အရင်လိုချစ်စကားတွေတွတ်တီးတွတ်တာ ပြောနေတဲ့သူက အွန်လိုင်းအကြောင်းတွေသာတဖွဖွပြောရင်းပျော်နေပါတော့တယ်။ အော်...ချစ်သူပျော်ရင် ကိုယ်ပျော်တာပေါ့လေ.....
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့(၂)ယောက်ကြားမှာ အွန်လိုင်းဆိုတဲ့ နံရံကြီးဟာ တစတစ ဆိုးမိုးလာပါတော့တယ်။ဘယ်အချိန်သွားသွား အွန်လိုင်းမှာသာပျော်နေတဲ့ချစ်သူ ။ အပြင်မှာအွန်လိုင်းကသူငယ်ချင်းတွေနဲ့သာ ပျော်နေတဲ့ချစ်သူ ၊ တစတစနဲ့သူ့စိတ်ထဲမှာ ကျွန်တော်ဆိုတာ ပြောက်သလောက်ဖြစ်လာပါတော့တယ်။
တနေ့မှာတော့ ချစ်သူပြောတဲ့ ဒုတိယမြောက်စကားတခွန်းက ကျွန်တော့ရင်မှာ နေမင်းအဆင်းပေါင်း ထောင်သောင်းမက ပူသလို နှလုံးသွေးတွေပါ ပွက်ပွက်ဆူသွားစေခဲ့ပါတယ်။ သူပြောတာကတော့.........
ယောင်္ကျားတယောက်ရဲ့ မာနနဲ့ သိက္ခာပါထိပါလာတဲ့စားတွေပါပြောတက်လာတဲ့ချစ်သူ။ အနိုင်မယူရက် အပြစ်မယူရက်လို့ အင်း....ဟုတ်လား ဆိုတဲ့စကားတခွန်းကို ရင်နာနာနဲ့ပြောရင်း အပြုံးလေတွေနဲ့သာပြန်ခဲ့ရတဲ့ရက်တွေများလာပါတော့တယ်။
ဒီလိုနဲ့ အွန်လိုင်းဆိုတာက ကျွန်တော်တို့(၂)ယောက်ကြာမှာ နံရံအဖြစ်မကတော့ဘဲ တစတစကြီးထွားပြီးကာစီးလာပါတော့တယ်။ အရင်ကဆိုချစ်သူနဲ့တွေ့ဖို့ စိတ်ကူးလိုက်တိုင်းပျော်ခဲ့ရတဲ့အချိန်တွေဟာ အခုတော့ စင်းစားလိုက်တိုင်း ချစ်သူစီသွားဖို့ ရင်လေးပြီး လေးလန်တဲ့ ခြေလှမ်းတွေနဲ့သာလျှောက်လှမ်းနေမိတော့တယ်။ ချစ်သူနဲ့တွေပြန်တော့လဲ အထီးကျန်စံစွာနဲ့ဘဲ ချစ်သူဘေးနားထိုင်ရင်း အချိန်တွေကုန်ခဲ့ရပါတော့တယ်။ ချစ်သူအဖေါ်ရဖို့ထိုင်ဆောင့်ရင်း အပြင်ပြေအနေနဲ့ အစားထိုးမိတာကတော့ ဆေးလိပ်ပေါ့။
အစကတော့အပြင်းပြေပေါ့ နောက်တော့ ချစ်သူအကြောင်းစင်းစားလဲ ဒီဆေးလိပ် ၊ အလုပ်အစင်မပြေတော့လဲဒီဆေးလိပ်၊ ဟိုနားဒီနားသွားလဲဒီဆေးလိပ် လက်ကြားမှာဆေးလိပ်ကအမြဲ ရှိသလိုဖြစ်လာခဲ့တော့တယ်။
တနေ့မှာတော့ ချောင်းတွေအရမ်းဆိုးလို့ ဆရာဝန်စီ သွားပြတဲ့အခါမှာတော့ ဆရာဝန်က အဆုတ်ကင်ဆာတဲ့ ဆေးလိပ်ဖြတ်ပါတဲ့။ အဖေါ်ဆိုလို့ ဘဝမှာချစ်သူတယောက်သာရှိတဲ့သူ ၊ အရေးထားစရာဆိုလို့တယောက်ထဲသာရှိတဲ့ချစ်သူ၊ အဲ့ဒီချစ်သူရဲ့ အလေးမထားမှုတွေမှာ ချစ်သူအပေါ်သစ္စာစောင့်သိဖို့ အားထိုးခဲ့တဲ့ ဆေးလိပ်ကိုမှဖြတ်ရမယ်ဆိုတော့..။ ကျွန်တော့ဘဝ ပိုလို့တောင်အထီးကျန်တော့မှာပေါ့။
ချစ်သူအပေါ်သစ္စာဆောင့်သိဖို့ ချစ်သူနေရာမှာဘယ်သူ့ကိုမှမခံချင်စိတ်နဲ့ အစားမထိုးချင်တာကြောင့် ဆရာဝန်စကားကိုလစ်လူရှုရင်း ဆေးလိပ်သာတွင်တွင်သောက်နေမိတဲ့ရက်တွေပိုလို့များလာပါတော့တယ်။ ချစ်သူကိုကိုယ့်ရောဂါအခြေအနေမပြောရက် ၊ချစ်သူစိတ်ပူနေမှဆိုးတာနဲ့ ဘာမှမပြောဘဲ ချစ်သူရှေ့မှာ အပြုံးတွေနဲ့သာမြင်စေခဲ့ပါတယ်။ ချစ်သူကတော့ အွန်လိုင်းမှာပျော်ပါးရင်း ကျွန်တော့ကို အရေးမပေးနိုင်တော့ပါဘူး။
နောက်ဆုံးတော့ ချစ်သူကိုမပြောရက်တာနဲ့ နိုင်ငံခြားမှာ ပိုက်ဆံသွားရှာအုံးမယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး။ မြန်မာပြည်ရဲ့တနေရာမှာရောဂါဒဏ်ခံစားရင်း သေမယ့်ရက်ကို စောင့်နေမိပါတော့တယ်ဗျာ.........
ကျွန်တော့နားထဲမှာတော့ ချစ်သူပြောခဲ့တဲ့
ဆိုတဲ့စကားသံတွေသာ ကျွန်တော့နှလုံးသားကို ဆူးနဲ့ထိုးနေသလို လူးလှိမ့်ခံစားရင်း..................အော်.......ချစ်သူရယ် ချစ်သူနှုပ်ကပြောလိုက်တဲ့ မုန်းတယ်ဆိုတဲ့စကားထက် အွန်လိုင်းအဆိတ်တက်နေတဲ့ ချစ်သူရဲ့ အွန်လိုင်းအဆိတ်ဆူးတွေကတော့ ချစ်သူလက်ဆောင်မို့ မနှုပ်ရက်ဘဲ တသက်တာထာဝရ သိမ်းထားလိုက်ပါ့မယ်...ချစ်သူရယ်.........
ဒီဘလော့လေးကိုဖတ်ပြီး မိမိချစ်သူရဲ့အချစ်ကို တန်ဖိုးထားရကောင်းမှန်းသိတဲ့ ချစ်သူစုံတွဲလေးများဖြစ်ကြပါစေလို့.............ဆုတောင်းရင်.......ချစ်သူတန်ဖိုးသိနိုင်ကြပါစေဗျာ။
တနေ့မှာပေါ့ ကျွန်တော်နဲ့ကောင်မလေးတယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ တယောက်ကိုတယောက်ချစ်လိုက်တာမှ ကမ်းကုန်ပေါ့။ ဘယ်သွားသွား ၊ဘယ်လာလာ မခွဲမခွါပေါ့ဗျာ။ ဒီလိုနဲ့တနေ့မှာ ကျွန်တော်တို့ (၂)ယောက်ရဲ့ ကြာမှာ အွန်လိုင်းဆိုတဲ့ နံရံအလွှာပါးပါးလေး စပြီးဝင်ရောက်လာပါတယ်။ ချစ်သူက သူများတွေအွန်လိုင်းသုံးနေတာ သူလဲသုံးချင်တယ်ဆိုပြီးပူစာတာနဲ့ ဆိုင်ပြေးပြီး လက်ပ်တော့လေးတလုံးဝယ်ပေးရတာပေါ့။။သူပျော်ရင်ကိုယ်လဲပျော်တဲ့အချိန်မဟုတ်လား။ ချစ်သူအလိုလိုက်ရတာ ပျော်တာပေါ့။ ချစ်တဲ့သူက ကိုယ်ဝယ်ပေးတဲ့ လက်ပ်တော့လေးနဲ့ ပျော်နေတာမြင်ရတော့ကိုယ်လဲပြောနေမိတာပေါ့။
ဒိလိုနဲ့တနေ့မှာတော့ ပုံမှန်တပတ်တနေ့သွားနေကြအတိုင်း ချစ်သူနဲ့တွေ့ဖို့သွားခဲ့ပါတယ်။ ချစ်သူစီရောက်တော့အရင်လို ကျွန်တော်လာရင်အပြုံးလေးနဲ့ကြိုနေကြမျက်နှာလေးဟာ အခုတော့ မော့တောင်မကြည့်ဘဲ အွန်လိုင်းမှာသာစိတ်ရောက်ပြီး ထိုင်လေတဲ့။ ဒါနဲကျွန်တော်လဲဘာမှမပြောဘဲ အသာလေးထိုင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာဘဲ ချစ်သူပြောလိုက်တဲ့စာကားက ကျွန်တော့်ရင်မှာ နူကလီးယားဗုန်း အလုံးပေါင်းထောင်သောင်းမက ကွဲထွက်သွားသလိုခံစားလိုက်ရပါတယ်။ သူပြောတာကတော့
ကို...အွန်လိုင်းပေါ်ရောက်ရင် မီးနဲ့ သူငယ်ချင်းတွေလို့ပြောနော် ...
ကျွန်တော်ကတော့သူဆိုင်ထိုင်နေတာနဲ့ နေရာမှာအအေးသောက်ရင်း တယောက်ထဲအထီးကျန်စွားနဲ့ သူပြီးတဲ့အထိထိုင်ဆောင့်နေနေရတော့တာပေါ့။ မိုးသာချုပ်သွားတယ် အရင်လိုဘယ်မှလဲမလည်လိုက်ရဘဲ အိမ်သာပြန်ခဲ့ရတယ်။ လမ်းတလျှောက်လဲ အရင်လိုချစ်စကားတွေတွတ်တီးတွတ်တာ ပြောနေတဲ့သူက အွန်လိုင်းအကြောင်းတွေသာတဖွဖွပြောရင်းပျော်နေပါတော့တယ်။ အော်...ချစ်သူပျော်ရင် ကိုယ်ပျော်တာပေါ့လေ.....
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့(၂)ယောက်ကြားမှာ အွန်လိုင်းဆိုတဲ့ နံရံကြီးဟာ တစတစ ဆိုးမိုးလာပါတော့တယ်။ဘယ်အချိန်သွားသွား အွန်လိုင်းမှာသာပျော်နေတဲ့ချစ်သူ ။ အပြင်မှာအွန်လိုင်းကသူငယ်ချင်းတွေနဲ့သာ ပျော်နေတဲ့ချစ်သူ ၊ တစတစနဲ့သူ့စိတ်ထဲမှာ ကျွန်တော်ဆိုတာ ပြောက်သလောက်ဖြစ်လာပါတော့တယ်။
တနေ့မှာတော့ ချစ်သူပြောတဲ့ ဒုတိယမြောက်စကားတခွန်းက ကျွန်တော့ရင်မှာ နေမင်းအဆင်းပေါင်း ထောင်သောင်းမက ပူသလို နှလုံးသွေးတွေပါ ပွက်ပွက်ဆူသွားစေခဲ့ပါတယ်။ သူပြောတာကတော့.........
ကိုက အွန်လိုင်းက သူငယ်ချင်းတွေလောက် မတော်ဘူး.. ဘာမှအားလဲမကိုးရဘူး
ယောင်္ကျားတယောက်ရဲ့ မာနနဲ့ သိက္ခာပါထိပါလာတဲ့စားတွေပါပြောတက်လာတဲ့ချစ်သူ။ အနိုင်မယူရက် အပြစ်မယူရက်လို့ အင်း....ဟုတ်လား ဆိုတဲ့စကားတခွန်းကို ရင်နာနာနဲ့ပြောရင်း အပြုံးလေတွေနဲ့သာပြန်ခဲ့ရတဲ့ရက်တွေများလာပါတော့တယ်။
ဒီလိုနဲ့ အွန်လိုင်းဆိုတာက ကျွန်တော်တို့(၂)ယောက်ကြာမှာ နံရံအဖြစ်မကတော့ဘဲ တစတစကြီးထွားပြီးကာစီးလာပါတော့တယ်။ အရင်ကဆိုချစ်သူနဲ့တွေ့ဖို့ စိတ်ကူးလိုက်တိုင်းပျော်ခဲ့ရတဲ့အချိန်တွေဟာ အခုတော့ စင်းစားလိုက်တိုင်း ချစ်သူစီသွားဖို့ ရင်လေးပြီး လေးလန်တဲ့ ခြေလှမ်းတွေနဲ့သာလျှောက်လှမ်းနေမိတော့တယ်။ ချစ်သူနဲ့တွေပြန်တော့လဲ အထီးကျန်စံစွာနဲ့ဘဲ ချစ်သူဘေးနားထိုင်ရင်း အချိန်တွေကုန်ခဲ့ရပါတော့တယ်။ ချစ်သူအဖေါ်ရဖို့ထိုင်ဆောင့်ရင်း အပြင်ပြေအနေနဲ့ အစားထိုးမိတာကတော့ ဆေးလိပ်ပေါ့။
အစကတော့အပြင်းပြေပေါ့ နောက်တော့ ချစ်သူအကြောင်းစင်းစားလဲ ဒီဆေးလိပ် ၊ အလုပ်အစင်မပြေတော့လဲဒီဆေးလိပ်၊ ဟိုနားဒီနားသွားလဲဒီဆေးလိပ် လက်ကြားမှာဆေးလိပ်ကအမြဲ ရှိသလိုဖြစ်လာခဲ့တော့တယ်။
တနေ့မှာတော့ ချောင်းတွေအရမ်းဆိုးလို့ ဆရာဝန်စီ သွားပြတဲ့အခါမှာတော့ ဆရာဝန်က အဆုတ်ကင်ဆာတဲ့ ဆေးလိပ်ဖြတ်ပါတဲ့။ အဖေါ်ဆိုလို့ ဘဝမှာချစ်သူတယောက်သာရှိတဲ့သူ ၊ အရေးထားစရာဆိုလို့တယောက်ထဲသာရှိတဲ့ချစ်သူ၊ အဲ့ဒီချစ်သူရဲ့ အလေးမထားမှုတွေမှာ ချစ်သူအပေါ်သစ္စာစောင့်သိဖို့ အားထိုးခဲ့တဲ့ ဆေးလိပ်ကိုမှဖြတ်ရမယ်ဆိုတော့..။ ကျွန်တော့ဘဝ ပိုလို့တောင်အထီးကျန်တော့မှာပေါ့။
ချစ်သူအပေါ်သစ္စာဆောင့်သိဖို့ ချစ်သူနေရာမှာဘယ်သူ့ကိုမှမခံချင်စိတ်နဲ့ အစားမထိုးချင်တာကြောင့် ဆရာဝန်စကားကိုလစ်လူရှုရင်း ဆေးလိပ်သာတွင်တွင်သောက်နေမိတဲ့ရက်တွေပိုလို့များလာပါတော့တယ်။ ချစ်သူကိုကိုယ့်ရောဂါအခြေအနေမပြောရက် ၊ချစ်သူစိတ်ပူနေမှဆိုးတာနဲ့ ဘာမှမပြောဘဲ ချစ်သူရှေ့မှာ အပြုံးတွေနဲ့သာမြင်စေခဲ့ပါတယ်။ ချစ်သူကတော့ အွန်လိုင်းမှာပျော်ပါးရင်း ကျွန်တော့ကို အရေးမပေးနိုင်တော့ပါဘူး။
နောက်ဆုံးတော့ ချစ်သူကိုမပြောရက်တာနဲ့ နိုင်ငံခြားမှာ ပိုက်ဆံသွားရှာအုံးမယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး။ မြန်မာပြည်ရဲ့တနေရာမှာရောဂါဒဏ်ခံစားရင်း သေမယ့်ရက်ကို စောင့်နေမိပါတော့တယ်ဗျာ.........
ကျွန်တော့နားထဲမှာတော့ ချစ်သူပြောခဲ့တဲ့
ကို...အွန်လိုင်းပေါ်ရောက်ရင် မီးနဲ့ သူငယ်ချင်းတွေလို့ပြောနော် ...
ကိုက အွန်လိုင်းက သူငယ်ချင်းတွေလောက် မတော်ဘူး.. ဘာမှအားလဲမကိုးရဘူး
ဆိုတဲ့စကားသံတွေသာ ကျွန်တော့နှလုံးသားကို ဆူးနဲ့ထိုးနေသလို လူးလှိမ့်ခံစားရင်း..................အော်.......ချစ်သူရယ် ချစ်သူနှုပ်ကပြောလိုက်တဲ့ မုန်းတယ်ဆိုတဲ့စကားထက် အွန်လိုင်းအဆိတ်တက်နေတဲ့ ချစ်သူရဲ့ အွန်လိုင်းအဆိတ်ဆူးတွေကတော့ ချစ်သူလက်ဆောင်မို့ မနှုပ်ရက်ဘဲ တသက်တာထာဝရ သိမ်းထားလိုက်ပါ့မယ်...ချစ်သူရယ်.........
ဒီဘလော့လေးကိုဖတ်ပြီး မိမိချစ်သူရဲ့အချစ်ကို တန်ဖိုးထားရကောင်းမှန်းသိတဲ့ ချစ်သူစုံတွဲလေးများဖြစ်ကြပါစေလို့.............ဆုတောင်းရင်.......ချစ်သူတန်ဖိုးသိနိုင်ကြပါစေဗျာ။
No comments:
Post a Comment
Note: only a member of this blog may post a comment.