Monday, 28 May 2012

အချစ်မာန(ချစ်သူ................သိပါစေ)

"ချစ်တယ်" 
လူတွေပြောတဲ့စကား
 ငါ့အတွက်တော့ ဟားစရာအဖြစ်ဘဲမြင်
 "မိုးလောက်ကြီးချစ်ပါတယ်"  တဲ့ 
 ဟား....ဟား......ဟား... 
သူတို့ပြောတဲ့ မိုးလောက်ကြီးရှိတဲ့အချစ်က
 ငါ့ရဲ့ အချစ်မိုးကောင်းကင်ကြီးအောက်က
 မင်းအေးချမ်းအောင် မိုးပေးထားတဲ့ 
တိမ်တိုက်တွေထဲက မြူမှုံလေးလောက်တောင်မရှိဘူး...."ချစ်သူ"
 "ပင်လယ်ကြီးလောက် ချစ်တယ်" တဲ့
 ဟား.......ဟား............ဟား....... 
သူတို့ပြောတဲ့ ပင်လယ်ကြီးလောက်ရှိတဲ့ အချစ်က 
ငါ့ရင်ထဲက အချစ်ပင်လယ်ပြင်ကြီးရဲ့
 ရေလှိုင်းကြက်ခွတ်လေးတွေထဲက
 ရေမှုံလေးတစက်လောက်တောင် မစိုပြေပါဘူး..."ချစ်သူ"
 "ရိုမီယိုနဲ့ဂျူးလိယက် အသက်ပေးပြီးချစ်ခဲ့ကြသတဲ့"
ဟား.....ဟား.........ဟား....... 
သူတို့က တစ်ဘဝဘဲ အသက်ပေးချစ်ဖို့သိတာပါ
 ငါကတော့မင်းအတွက်ဆို 
 နောက်နောင် ဘယ်နှစ်ဘဝတွေလိုချင်လဲ
 ငါ့ရဲ့အသက်ပေးအပ်ဖို့ အဆင်သင့်ဘဲ " ချစ်သူ"
 "ကိန္နရီ ကိန္နရာ တစ်ညတာဝေးလို့ 
 နှစ်ပေါင်း(၇၀၀)ဆွေးကြရသတဲ့" 
 ဟား......ဟား.....ဟား.......
 သူတို့ဆွေးတယ်ဆိုတဲ့ နှစ်တွေက
 ငါ.....မင်းနဲ့ဝေးလို့ ဆွေးနေရတဲ့ 
 အချိန်တွေထဲက တစ်စက္ကန့်လေးရဲ့
 အပုံ(၁၀၀၀)ပုံရင် တစ်ပုံတောင် မရှိပါဘူး "ချစ်သူ"
 "မြင်းမိုရ်တောင်ကြီးလောက်ချစ်သတဲ့"
 ဟား.......ဟား............ဟား..... 
သူတို့ပြောတဲ့ မြင်းမိုရ်တောင်လောက်ရှိတဲ့ 
အချစ်တွေက ငါ့ရင်ထဲက 
အချစ်တောင်တန်းကြီးတွေရဲ့ 
 မြေမှုံလေးတစ်မှုံစာလောက်တောင် တန်ဖိုးမရှိပါဘူ "ချစ်သူ" အဲ့ဒီလောက်ကြီး..............အဲ့ဒီလောက်ကြီး......... 
အဲ့ဒီလောက်ကြီးရှိတဲ့ 
မင်းအတွက်အချစ်တွေကို
 "ချစ်တယ်
ဆိုတဲ့စကားလေး (၂)လုံးထဲနဲ့
 တန်ဖိုးဖြတ်ပြီး ပြောထွက်လောက်အောင် 
ငါမရူးမမိုက်သေးဘူး "ချစ်သူ"
 နှိုင်းယှဉ်ဖို့မရှိတဲ့ 
ငါ့ရင်ထဲက အချစ်ကို
 ခိုင်းနှိုင်းပြောဖို့ 
စကားလုံးတွေ ငါရှာမတွေ့
 အာသာလဲမတွေ့လို့ 
"ချစ်သူ" 
မင်းကို " ချစ်တယ်" လို့ 
 ဒီတသက်လုံးငါမပြောဘူး........... 


 လွမ်းသူ

No comments:

Post a Comment

Note: only a member of this blog may post a comment.