ဒီနှစ်အမေများနေ့မှာ မေ မေ့အတွက်ဘာတွေလုပ်ပေးရမလဲ စဉ်းစားလိုက်တော့.........
အား................သိပြီ....ငါ့မှာ မြန်မာပြည်ကထွက်လာတုန်းက ပါလာတဲ့ ဖေဖေမေမေခြေရာတွေရှိတာဘဲ(ကျွန်တော့အကြောင်းအပြည့်အစုံကို ဘလော့ရေးပြီးဖြစ်ပါတယ်) အဲ့ဒီခြေရာတွေကို အမွှေးနံသာတွေဖြန်း စားစရာတွေနဲ့ကန်တော့မယ် ပြီးရင်အိပ်ရာခေါင်းရင်းမှာထားပြီး ငယ်ငယ်ကအတူတူအိပ်လာခဲ့ရသလို သဘောထားပြီးအိပ်မယ် ပြီးရင် (မလေးရှားမှာဘုရားသွားဖို့မလွယ်တာကြောင့်)သူငယ်ချင်းတွေကိုခေါ်ပြီး မုန့်ဟင်းခါးတိုက်မယ် ဖေဖေမေမေတို့ကိုရည်စူးပြီးတော့အလှူလေးပေါ့......
သူငယ်ချင်းတို့ရော ဘယ်လိုစိတ်ကူးရှိကြလဲ ဒီလိုနေ့မှာ........မိဘနဲ့ဝေးတဲ့လူတွေရော နီးတဲ့လူတွေရောပေါ့ ကျွန်တော်ကတော့အပေါ်မှာပြောသလိုစိတ်ကူးရှိတယ်ဗျ.......
မိဘတွေအသက်ရှင်နေရင်ဘဲဖြစ်ဖြစ် သေဆုံးသွားလို့ဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ်ပေါ့ မိဘကျေးဇူးကိုတော့ တက်နိုင်သမျှဆပ်ရမယ်လို့ ကျွန်တော်ထင်တယ်ဗျ............ကဲ..ကဲထားဘာတော့မိဘကျေးဇူးဆပ်တာ ဒီနေ့အမေများနေ့ဆိုတော့ မေမေ့အကြောင်းဘဲဆက်ပြောတာပေါ့......
အမေဆိုတာကျွန်တော်တို ဟိုး...(၁၂)အရည်ကြည်ကျား/မတောင်မသိသေးတဲ့လူသားလောင်းလေးဘ၀ထဲက
ဗိုက်ထဲမှာထဲကပေါ့ဗျာ တယုတယ ဂရုတစိုက်နဲ့ဆောင့်ရှောက်လာခဲကြတာ ဟော.......(၉)လလွယ်(၁၀)လဖွား ကိုယ့်အသက်တောင် အရေးမလုပ်ဘဲ အသက်စွန့်မွေးခဲ့ကြတယ်
နောက် လူလားမြောက်လို့ ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ် ဘ၀ထဲက
(မယုံလို့မွေးခါစကလေးသွားတိုင်းကြည့်ဘူးတယ်......ဟဲဟဲ... ဟုတ်တယ်ကွတ်တိဘဲ)
မှတ်...ခြင်..ယဉ်..တွေမကိုကရအောင် ပိုးမွေးသလိုမွေး
(ဒါလဲသွားကြည့်ဘူးတယ် တော်တော်ဒုက္ခရောက်တာဘဲဗျ ပိုးတွေမွေးရတာ ချည်မျှင်ထုပ်တဲ့ပိုးကောင်လေးတွေလေ တော်တော်ကိုနုကြတာဘဲဗျ)
အချိန်တန်အရွယ်ရောက်ပြန်တော့လဲ ဆုံမစရာတွေဆုံးမ ချော့တခါချောက်တလဲ့နဲ့ပေါ့ဗျာ ကျောင်းထားချိန်မှလဲ ကိုယ့်သားသမီးတွေအသက်ကလေးရလာရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် သူများတကာထက်သာပြီး လူ့အောက်မကြရလေအောင် ပညာတွေသင်ပေး
ကျွန်တော်မှတ်မိသေးတယ်ဗျ ငယ်ငယ်ကကျောင်းသွာရင်မိုး၇ွာတဲ့နေ့တွေဆို မေမေက ကျွန်တော့ကိုတခါချီ ကျောင်းလိုက်ပို့ ပြီးရင်ကျွန်တော့ညီမလေးချီပြီးနောက်တခါလိုက်ပို့အဲလိုလုပ်ပေးတာဗျ
ခြေထောက်တွေရေဆိုရင်ဖျားမှာကြောက်လို့တဲ့လေ
မိုးတအားကြီးသဲလို့ခြေထောက်တွေရေဆိုနေရင်လဲ ကျောင်းရောက်တာနဲ့ သူလုံချည်နဲ့ပြောင်အောင်သုတ်ပေးတာဗျ ကျောင်းနဲ့အိမ်နဲ့က (၂၀)မနစ်လောက်သွားရတာလေ တော်တော်ဒုက္ခ ခံခဲ့တာဗျ ကျွန်တော်တို့(၁၀)တန်းထိအဲ့လိုလိုက်လုပ်ပေးခဲ့တာလေ
တခါကအမေခြေထောက်မကောင်းလို့ချီဘူးတယ်ဗျ
ပျော်လိုက်တာဗျာ ဘာပြောကောင်းမလဲ (င်္ဟီး....တလွဲမတွေးနဲ့နော် တော်ကြာအမေနေမကောင်းတာတောင်ပျော်တယ်ရှိနေမယ်)
ကျွန်တော်ပြောပြမယ်
အပေါ်မှရေးခဲသလိုဗျာ ကျောင်းကို အမေကချီပြီးလိုက်ပို့တာခံခဲ့ဘူးတော့ ငါလဲအမေ့ကိုဘယ်လိုများချီခွင့်ရမလဲတွေးနေတာကိုဗျ ခုလိုချီရတော့ ကိုယ့်ဖြစ်ချင်တာလေးပြည့်သွားလို့ပျော်တာပေါ့ အမေနေမကောင်းလို့ပျော်တာဟုတ်ဘူးနော် ...အဲ့လို ...အဲ့လို
အဲဒီလိုနဲ့လူလားမြောက်လို့ အတောင်စုံ အရွယ်ေ၇ာက်တော့ လုပ်ငန်းခွင်ဝင်ရတာပေါ့ဗျာ..အလုပ်သွားပြီဆိုတာနဲ့
အမေ့ကိုကန်တော့(အမေ့ခြေခုံကိုထိတယ်နော်...အဲ့ဒီအရသာခံစားဘူးကြမှာပါဗျ
တော်တော်ကန်တော့လို့ကောင်းတယ်၇င်ထဲမှလံခြုံသွားသလိုဘဲခံစားရတယ်ဗျ)
ပြီးရင်အမေက ဖယ်ရီကားဂိတ်အထိလိုက်ပို့ ကားလာရင်အမေ့လက်ပြအလုပ်သွား ညအလုပ်သိမ်းတော့လဲကားဂိတ်မှာလာကြိုတယ်လေ တော်တော်ချစ်စရာကောင်းတယ်ဗျမေမေက
မြန်မာပြည်မှာရှိတုန်းက အမေများနေ့ဆို မေမေ့ကို ခေါင်းလျှော် ရေချိုးပေး ဂျီးတွေတွန်း မေမေကဆုတွေပေး ပြီးတော့ သားမိနှစ်ယောက် ဘုရားသွားတယ်ဗျ ဘု၇ားေ၇ာက်ရင်မေမေ့ဖိနပ်ကိုကိုင် (အဲ့ဒါလဲအရသာတော်တော်ရှိတယ်ဗျ) ဘုရားပေါ်တက်ကြ မေမေ့အတွက်အောင်သပြေတို့ဘာတို့ဝယ်ဘုရားလှူးဖို့ပေါ့
မေမေဘုရားပန်းသွားထိုးရင်ကျွန်တော်လဲလိုက်သွားတယ်ဗျ
မေမေလက်ကိုဘာကိုင်ပြီး မေမေနဲ့အတူဘုရားပန်းတင်တာဗျ
ပြီးရင်စိတ်ထဲကနေ ဒီလိုမေမေမျိုးနဲ့ဘ၀ဆက်တိုင်းကြုံရပါစေလို့ဆုတောင်းတာပေါ့ဗျာ
ကဲ...ကဲ ..ကျွန်တော့အကြောင်းတွေရေးနေတာနဲ့ဖတ်ရတာ လေသွားပြီလား....ဟဲဟဲ
ဘယ်သူ့အမေဘဲဖြစ်ဖြစ် ကျွန်တော့အမေလိုဘဲ ကိုယ့်သားသမီးတွေကိုတပြားမှမလျှော့အောင် ချစ်ကြမှာပါဗျာ.....ကျွန်တော့လိုလုပ်ခဲ့တဲ့လူတွေလဲ မိခင်ရဲ့အချစ် မိခင်ရဲတန်ဖိုး နာလည်ကြမှာပါဗျ....မလုပ်ခဲ့တဲ့လူတွေလဲ ဒီတနှစ်လုံးမလုပ်ချင်နေကြပါဗျာ ဒီအမေများနေ့လေး (၁)ရက်လေးတော့ ကိုယ့်ကိုဒီအသက်အရွယ်အထိ ဂရုတစိုက်ကြွေးမွေးလာခဲ့တဲ့မိခင်ကို ကိုယ့်ကို ငယ်ငယ်ကပြုစု ခဲ့သလို (၁)ရက်လောက်လုပ်ကြည့်ကြပါဗျာ ...တော်တော်လေးပျော်ပြီး တော်တော်လေး(လေးလေးနက်နက်)ကို ခံစားလို့ကောင်းတယ်ဗျ ........................ကဲ..ကဲ ........ကျွန်တော်စာလဲရှေနေပြီဆိုတော့ ဒီဘလော့လေးဖတ်ပြီး ဒီနှစ်အမေများနေ့မှာ ကိုယ့်မေမေကို ဘာတွေလုပ်ပေးမယ် ဘယ်လိုပြုစုမယ်ဆိုတာလေး စိတ်ထဲမှာအစီအစဉ်လေးတွေဆွဲရင်း ....မွေးမေကျေးဇူး အထူးသိတဲ့ သားကောင်း သမီးကောင်းတွေဖြစ်ကြပါစေလို့ .....................ဆုတောင်းပေးပါတယ်ဗျာ
No comments:
Post a Comment
Note: only a member of this blog may post a comment.